Oh!GG အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုတော် နတ်သမီးလေးများ စုစည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်ကာလက စတင်ပြီး တေးချစ်သူပရိသတ်တွေရဲ့ အာရုံကို လုံးဝဖမ်းစားနိုင်ခဲ့တဲ့ မိန်းကလေး တေးဂီတအဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

Girl Generation

Source: AllKpop

Oh!GG အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Girl Generation မှခွဲထွက် ဖွဲ့စည်းထားတဲ့ တေးဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်။ မျက်နှာသစ် အဆိုရှင်တွေ မဟုတ်တဲ့အတွက် ပရိသတ်ကြီးဆီသို့ ပေးဆပ် မယ့် အနုပညာ အရည်အသွေးကိုတော့ စိတ်ပူစရာမလိုတဲ့ အခြေအနေပါပဲ။

အဖွဲ့ဝင်များ

Source: AllKpop

Oh!GG အဖွဲ့မှာ ပါဝင်တဲ့ မိန်းမချောလေးတွေကတော့ တေးယွန်၊စန်နီ၊ဟိုယွန်း၊ယူရီနဲ့ယွန်န ဆိုတဲ့ အလန်းစား နတ်မိမယ်လေးတွေပဲ ဖြစ်ပါတယ်။

မိတ်ဆက်ခြင်း

Source: Koreaboo

Girl Generation ရဲ့အဖွဲ့ခွဲသစ်ကို မိတ်ဆက်တဲ့အနေနဲ့ တေးသီချင်းသစ် ‘ ‘ကို လာမယ့် စက်တင်ဘာ ၅ရက်နေ့မှာ ပရိသတ်ကြီးကို တင်ဆက်ဖျော်ဖြေသွားဖို့ စီစဉ်ထားပါတယ်။

Lil’ Touch

Source: AllKpop

သီချင်းအေးလေးတစ်ပုဒ် ဖြစ်ပါတယ်။ တေးရေး Ben Cocks ကခံစား ရေးဖွဲ့ပေးတာ ဖြစ်ပါတယ်။ Oh!GG အဖွဲ့ရဲ့ အလန်းစား သီဆိုသရုပ်ဆောင်မှုတွေကို ရှုမြင်ခံစားရမှာပဲ ဖြစ်ပါတယ်။