လူပုံအကြားမှာ အများရဲ့ အာရုံစိုက်မှု ရအောင်လို့ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ရင်းနဲ့ဖက်ရှင် Settings မှားသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခုပြောမယ့် ဖက်ရှင်အလွဲတွေလည်း ဒီထဲမှာ ပါနေမှာပါ။

(၁) ရေမွှေးအသုံးများခြင်း

Source: bestreview

Perfume တွေဟာ သင့်ရဲ့ စတိုင်ကျမှုကို အများကြီး အထောက်အကူပြုတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ရေမွှေးကို အနံ့ရွေးရင် သတိထားသင့်ပါတယ်။ ပြီးတော့ အများကြီးလည်း မဆွတ်သင့်ပါဘူး။အမျိုးအစား ညံ့တဲ့ ရေမွှေးတွေ ပုလင်းတစ်ခုလုံး မှောက်မတတ် ဆွတ်လာတဲ့ သူအနားကို ဘယ်သူမှ ကပ်ချင်မှာ မဟုတ်ပါဘူး။

(၂) ဆိုဒ်ကြီး ဂိုက်ကြီး အဝတ်အစား ဝတ်ခြင်း

Source: shopify

သီးသန့်ပါတီတွေ ၊ event တွေ သွားတာမှ မဟုတ်ရင် အဝတ်အစားကို Fitting ဖြစ်ဖို့ဂရုစိုက်သင့်ပါတယ်။ ကိုယ်က Medium နဲ့မှ ကွက်တိဖြစ်တာမျိုးကို Large ဆိုဒ်နဲ့သွားဝတ်ကြည့်ရင် ရုပ်ပါပျက်ပါတယ်။ အဲသလိုပဲ ကျပ်လွန်းသေးလွန်းတဲ့ အင်္ကျီမျိုးလည်း ရှောင်သင့်ပါတယ်။

(၃) အပေါက်အပြဲ ဖက်ရှင်

Source: mensdailylife

ခေတ်ပေါ် ဖက်ရှင်တွေထဲမှာ ဒူးနဲ့ပေါင်နေရာတွေ ဖြဲထားတဲ့ ဂျင်းဖက်ရှင်တွေ ဝတ်နေမိတယ်ဆိုရင် စွန့်ပစ်ဖို့အကြံပေးချင်ပါတယ်။ ခေတ်အလျောက် ဝတ်ကြတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ဥပဓိရုပ်ကိုပါ အဆင့်အတန်းကျစေပါတယ်။ အနည်းဆုံးတော့ ဒါမျိုးကို သူငယ်ချင်းတွေချည်း စုပြီး ကျင်းပတဲ့ ပါတီပွဲလိုမျိုးမှာပဲ ဝတ်သင့်ပါတယ်။

(၄) Gel အလွန်အကျွံသုံးခြင်း

Source: istockphoto

ဆံပင်ပုံစံသွင်းရာမှာ Hair Gel ရဲ့ အရေးပါမှုကတော့ ပြောစရာမရှိပါဘူး။ တစ်ခုပါပဲ။ ဂျယ်လ်တွေ အပုံလိုက် ထိုးထိုးထောင်ထောင် သုံးထားတဲ့ ဆံပင်ပုံစံဟာ အများအမြင်မှာ အတော်လေး အမြင်ကတ်ချင်စရာကောင်းတာကြောင့် Hair Gel ကို လိုသလောက်ပဲ သုံးပြီး ဆံပင်ပုံသွင်းသင့်ပါတယ်။