Nightclub တွေ၊ Bar တွေကို သဘောကျနှစ်ခြိုက်ကြတဲ့ ကွီးတို့ သတိမမူမိတဲ့ အကြောင်းအရာလေး တွေ ရှိနေပါတယ်။ ဒါကတော့ Nightclub သွားတော့မယ်ဆိုတဲ့ အခါမှာ ဘယ်လိုဝတ်စုံမျိုး၊ ဒီဇိုင်းမျိုးကို ရွေး ချယ် ၀တ်ဆင်သွားသင့်သလဲ ဆိုတာပါပဲ။

Source : Shutterstock

လွတ်လပ်ပေါ့ပါးတဲ့ အမိုက်စား စတိုင် တီရှပ်၊ အော်တာရှပ် စတဲ့ အင်္ကျီဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။ ကိုယ့်ရဲ့ ၀တ်စားဆင်မှုဟာ လူကြီးဆန်နေတဲ့အခါ သွားတဲ့နေရာနဲ့ လိုက်ဖက်မှုမရှိ ဖြစ်တတ်ပါ တယ်။

Source : Shutterstock

Nightclub သွားတော့မယ့် ကွီးတွေဟာ အထူးသဖြင့် Jeans ဘောင်းဘီများကိုသာ ဦးစားပေး ရွေး ချယ်သင့်ပါတယ်။ လွတ်လပ်စွာ ကခုန်မြူးတူးနိုင်ဖို့အတွက် Jeans တွေဟာ တကယ့်ကို အဖော်မွန်ကောင်း ပါပဲ။

ခုန်လို့ကလို့ ကောင်းမယ့် စတိုင်ကျကျ Boots တစ်စုံကို ရွေးချယ်လိုက်ပါ။ ခြေလှမ်းတွေဟာ ပေါ့ပါး လန်းဆန်းနေပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည့်မှုအပြည့်ရလာစေမှာ ဖြစ်ပါတယ်။

Source : Shutterstock

Nightclub မှာအမိုက်စား ကွီးတစ်ယောက်ဖြစ်ဖို့ ဒီဇိုင်းလန်းလန်း လက်ပတ်လေးတွေကို ၀တ်ဆင် ကြည့်လိုက်ပါ။ လူကြီး၊လူငယ်မရွေး ၀တ်ဆင်နိုင်ပြီး နုပျိုလန်းဆန်းမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။