အခုလိုစိုစွတ်တဲ့ မိုးရာသီမှာ ဘယ်သွားသွားမိုးမိပြီး ဖက်ရှင်မကျနိုင်လို့ စိတ်ညစ်နေပြီလား။ မိုးရာသီမှာ မိုးမရွာအောင်မလုပ်နိုင်ပေမဲ့ မိုးဘယ်လိုရွာနေပါစေ သင့်ရဲ့စမတ်ကျမှုကို မထိခိုက်စေမယ့်အပြင် မိုးရေထဲမှာတောင် စတိုက်ကျနေစေမယ့် ဖက်ရှင်တွေရှိတယ်ဆိုတာတော့ မမေ့လိုက်ပါနဲ့။ ဘယ်လိုမျိုးဖက်ရှင်ကျကျ နေရမယ်ဆိုတာ တူတူလေ့လာကြရအောင်။

(၁) Boots တွေထုတ်စီးဖို့ အချိန်တန်ပါပြီ

Source : FashionBeans

နွေရာသီနဲ့လိုက်ဖက်မှုမရှိလို့ ဝယ်ထားပြီးမှ သိမ်းထားရတဲ့ လည်သာဘွတ်ဖိနပ်တွေရှိနေရင်တော့ ထုတ်စီးလိုက်ပါ။ မိုးရာသီမှာ လည်သာဘွတ်ဖိနပ်တွေက အလိုက်ဖက်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာကတော့ ဖိနပ်ရဲ့အောက်ခံပြားဟာ လည်သာမဟုတ်ဘဲ ရာဘာပြားဖြစ်ဖို့ရယ်၊ပြောင်လက်နေတဲ့ လည်သာအမာသားမျိုးဖြစ်ဖို့ပါပဲ။ ဒါမှလည်း မိုးရေထဲ လမ်းလျှောက်ရလွယ်ကူစေပြီး ရေစိုခံတဲ့ဘွတ်ဖိနပ်နဲ့ လန်းနိုင်မှာဖြစ်ပါတယ်။

(၂) ခိုင်ခံ့တဲ့ထီးတစ်လက်နဲ့ Gentleman ဆန်လိုက်ပါ

Source : FashionBeans

ပုရိသတို့အနေနဲ့ Kingsman ရုပ်ရှင်ထဲကလို မိုးရာသီမှာ ထီးအမည်းပြောင်နဲ့ စမတ်ကျလွန်းတဲ့ ဇာတ်ဆောင်လို Gentleman ဆန်ဆန် ရှိုးထုတ်လို့ရမယ့်အချိန်ပါ။ ထီးဟာ မိုးဒဏ်ကာကွယ်ပေးတဲ့အပြင် သင့်အတွက် Fashion ကျအောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုပိုပြီး ခန့်ညားစေမယ့် အရောင်မျိုးတော့ ရွေးချယ်တတ်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ အပေအတေလည်းခံမယ့် အရောင်ရင့်ရင့်မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

(၃) မိုးရေစိုခံတဲ့ကုတ်ရှည်ကို ဝတ်ဆင်ပါ

 

Source : FashionBeans

မိုးရာသီမှာ စတိုင်လည်းကျ မိုးဒဏ်လည်းကာကွယ်ပေးမယ့် ကုတ်အရှည်မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ မိုးကာအင်္ကျီ မကြိုက်သူများအတွက် ပေါ့ပါးပြီးရေစိုခံတဲ့ Cotton သားနဲ့ချုပ်လုပ်ထားတဲ့ ကုတ်အင်္ကျီအရှည်တွေကလည်း ကွက်တိဖြစ်စေမှာဖြစ်ပါတယ်။ အဓိက ပေါ့ပါးမှုရှိပြီး လွတ်လပ်တဲ့ ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် ရေစိုခံကုတ်ရှည်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၄) ရေစိုခံ Sneakers လေးတွေနဲ့ ရှိုးထုတ်ပါ

Source : FashionBeans

မိုးရာသီမှာ လူငယ်ဆန်ဆန် ရှိုးထုတ်ချင်သူများအတွက် ရေစိုခံ Sneaker ရှိနေတာ မမေ့ပါနဲ့။ Sneakers တွေရဲ့ အားသာချက်ကတော့ ပေါ့ပါးပြီးနေရာမရွေး စီးလို့ရတာပါပဲ။ မိုးရေထဲမှာ ရွှံ့ဗွက်ပေလည်း ဆေးပြီးနေပြန်လှန်းရင် အဆင်ပြေတာမို့ Freestyle ကြိုက်သူတို့အတွက် အသင့်တော်ဆုံးပါ။

(၅) လူငယ်ဆန်ဆန် Streetwear တွေ ဝတ်ဆင်ပါ

Source : FashionBeans

မိုးရာသီဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးရှိစေမယ့် ဖက်ရှင်တွေကမှ သင့်ကိုသက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ မိုးရေထဲ သွားသွားလာလာလုပ်နိုင်ဖို့ဆိုရင်တော့ လူငယ်ဆန်ပြီး ဖက်ရှင်လည်းကျစေမယ့် Weatherproof Streetwear လေးတွေက အသင့်တော်ဆုံးဖြစ်မှာပါ။ စတိုင်လည်း ဖက်ရှင်လည်းကျပြီး လူငယ်ဆန်ဆန်ဂေါ်ချင်ရင်တော့ ဒီလိုဖက်ရှင်ဒီဇိုင်းလေးတွေကိုရွေးချယ်ဝတ်ဆင်လိုက်ပါ။