ကျွန်တော်တို့တွေဟာ အမျိုးသားတွေ ဘောလုံးကန်ကြတာကိုပဲ  မြင်ဖူးတွေ့ဖူးလေ့ရှိကြတာပါ။ အမျိုးသမီးတွေ ဘောလုံးကန်ခြင်းကိုတော့ လူတွေက သိပ်အာရုံမစိုက်ကြပါဘူး။ ယခုအချိန်မှာတော့ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲတွေနဲ့ လိဂ်ပေါင်းစုံကို ကမ္ဘာအနှံတွင် ကျင်းပလာပြီဖြစ်ပါတယ်။

အမျိုးသမီးတွေဘောလုံးကန်ခြင်းဟာလည်း လူထုအကြားပိုမိုပျံနှံလာပါပြီ။ စကေးကောင်း၊ ဂိုးသွင်းသေချာ၊ အလိမ်အခေါက်ကောင်းလွန်းတဲ့ အမျိုးသမီးဘောလုံးသမား (၃) ယောက်လည်းရှိပါတယ်။ သူတို့ကတော့

(၁) Alex Morgan

Source: www.sportyshost.com

အမေရိကန်နိုင်ငံသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ နိုင်ငံလက်ရွေးစင်အသင်းတွင်တော့ တိုက်စစ်တွင် ကစားတာဖြစ်ပါတယ်။ သူမရဲ့ကလပ်အသင်းကတော့  Portland Thorns FC ဖြစ်ပါတယ်။ သူမဟာ ကမာ့္ဘအကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုလည်း ရရှိထားဖူးပါတယ်။ ငယ်ရွယ်သေးပေမယ့်လည်း အတွေ့အကြုံနဲ့ဘောလုံးပါရမီကတော့ ပြည့်စုံလုနီးပါပါပဲ။ နိုင်ငံလက်ရွေးစင်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။

(၂) Hope Solo


Source: www.sportyghost.com

သူမဟာလည်း အမေရိကန်နိုင်ငံသူတစ်ယောက်ပါ။ တိုက်စစ်မှူးတစ်ယောက်တော့မဟုတ်ပါဘူး။ ဂိုးသမားတစ်ယောက်ပါ။ သူမရဲ့ အံဖွယ်ကောင်းလှတဲ့ ဂိုးပေါက်ကာကွယ်မှုတွေဟာ ပရိသတ်တွေကို အမြဲလိုလို အံအားသင့်စေခဲ့ပါတယ်။ သူမဟာ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ဂိုးသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ကမာ့္ဘအကောင်းဆုံးဘောလုံးသမားစာရင်းတွင်တော့ နံပါတ်နှစ်နေရာတွင်သာရပ်တည်နေတာပါ။

(၃ ) Marta


Source: en.as.com

သူမကတော့ ဘရားဇီးလူမျိုးတစ်ယောက်ပါ။ အားလုံးသိကြတဲ့အတိုင်ပဲ။ ဘရာဇီးနိုင်ငံရဲ့ ဘောလုံးပင်ခံနဲ့ ပါရမီဇကသေးမှမသေးဘဲ။ သူမဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ဆွီဒင်ကလပ်အသင်းတို့တွင်ကစားနေပါတယ်။ သူမဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် (၉၄) ပွဲမှာ (၉၃) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို ငါးနှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။