Sir အဲလက်စ်ဖာဂူဆန်ဆိုတာ ဘောလုံးလောကမှာ သမိုင်းတွင်လောက်တဲ့ လူတစ်ယောက်ပါ။ စကော့တလန်လူမျိုးတစ်ယောက်ဖြစ်ပြီး ငယ်ဘဝကိုတော့ အမျိုးမျိုးသော ဘောလုံးပြိုင်ပွဲတွေမှာ ဂိုးတွေသွင်းယူရင်း ကုန်ဆုံးခဲ့ပါတယ်။ သူအနေနဲ့ ဘောလုံးသမားဘဝမှာ အောင်မြင်မှုရေရေရာရာ မရခဲ့ပေမယ့် နည်းပြဘဝသို့ ရောက်ချိန်မှာတော့ စံတင်လောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီးဖြစ်ပြီး မော်ဒန်ခေတ်ဘောလုံးအလှည့်အပြောင်းမှာ အကောင်းဆုံးပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သင်မသိသေးလောက်တဲ့ နည်းပြကြီးဖာဂူဆန်ရဲ့ အကြောင်းအရာအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) နည်းပြဘဝမှာ အနှိုင်းအဆမဲ့ အောင်မြင်ခဲ့

Source: www.factsofuniverse.com

ဖာဂူဆန်ဟာ ဗြိတိန်လိဂ်သမိုင်းမှာတော့ အအောင်မြင်ဆုံးနည်းပြတစ်ယောက် ဖြစ်ပါတယ်။ မန်ချက်စတာယူနိက်တက်အသင်းကို (၂၆) နှစ်ကြာကိုင်တွယ်ခဲ့ပြီး ဆုဖလားနဲ့ အောင်မြင်မှုများစွာကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

(၂) စကော့တလန်လိဂ်မှာ ဂိုးအများဆုံးသွင်းခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။

Source: thedaisycutter.co.uk

ဖာဂူဆန်ဟာ နည်းပြဘဝမှာတင် အောင်မြင်မှုသရဖူကို သိမ်းပိုက်ခဲ့နိုင်တာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ် ဘောလုံးကစားစဉ်ကလည်း ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ စကော့တလန်လိဂ်ရဲ့ ၁၉၆၅-၁၉၆၆ ရာသီမှာ ဂိုးအများဆုံးသွင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

(၃) မန်ယူအသင်းကို (၂၆) နှစ်ကြာကိုင်တွယ်ခဲ့

Source: www.factsofuniverse.com

အသင်းတစ်သင်းမှာ နည်းပြတစ်ယောက်အဖြစ် နှစ်အကြာကြီး နည်းပြဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ သူအနေနဲ့တော့ မန်ယူအသင်းကို (၂၆) နှစ်ကြာကိုင်တွယ်ပြီး သက်တော်ရှည်နည်းပြတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ဆုဖလားပေါင်း (၃၈) ခုအထိ ရယူခဲ့ပါတယ်။

(၄) Knight ဘွဲ့ချီးမြင့်ခံရခြင်း

Source: www.factsofuniverse.com

ဖာဂူဆန်ရဲ့ အောင်မြင်မှုတွေက ပြင်ပလောကမှာတင် ပျံ့နှံ့တာ မဟုတ်ပါဘူး။ အင်္ဂလန်တော်ဝင်အသိုင်းအ၀ိုင်းအထိကို ရောက်ရှိခဲ့ပါတယ်။ (၁၉၉၉) ခုနှစ် ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့မှာ ဖာဂူဆန်ကို Knight ဘွဲ့ချီးမြင့်ပေးခဲ့ပါတယ်။

(၅) အနားယူပြီးနောက် မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးကျဆင်းသွား

Source: desporto.sapo.pt

မန်ယူနဲ့ ဖာဂူဆန်ဆိုတာ တစ်သားထဲဖြစ်ခဲ့ပါတယ်။ ဘောလုံးဂုရုကြီး ဖာဂူဆန်ဟာ (၂၀၁၃) ခုနှစ်တွင်အနားယူခဲ့တဲ့အချိန်မှာ မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ (၅) ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။