နာမည်ကျော်အဆိုတော်တွေအတွက်တော့ Grammy ရရှိပိုင်ဆိုင်ဖို့က ရိုးသွားတဲ့ ဖြစ်စဉ်ဖြစ်ပေမယ့် တက်သစ်စ New Artists တွေအတွက်ကတော့ သူတို့ဂီတလမ်းကြောင်းမှာ ပြောင်းလဲမှုကြီးတစ်ရပ်အဖြစ် အထောက်အကူဖြစ်စေမယ့် အရာတစ်ခုပါပဲ။ တေးဂီတလောကမှာ အနုပညာရှင် အသစ်တွေဟာ အမြဲတမ်းထွက်နေသလို တစ်ဦးနဲ့တစ်ဦးလည်း မတူညီတဲ့ ထူးချွန်မှုတွေနဲ့ ပြည့်နှက်နေစမြဲပါပဲ။

Source: grammy.com

ဂီတနယ်ပယ်အသီးသီးမှာ မတူညီတဲ့ အရည်အချင်းရှိတဲ့ New Artists တွေထွက်ပေါ်နေပေမယ့် တစ်နေရာရာရောက်ဖို့က အရေးကြီးဆုံးပါ။ သို့မှလည်း ဂီတလမ်းကြောင်းပေါ်မှာ ရေရှည်လျှောက်လှမ်းဖို့ အခွင့်အရေးတွေရှိလာပြီး ပရိသတ်တွေအားပေးမှုကိုရကာ ကမ္ဘာအဝှမ်း ဖျော်ဖြေမှုများ ပြုလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။

Source: grammy.com

၆၁ ကြိမ်မြောက် Grammy တေးဂီတဆုပေးပွဲကြီးဟာ လည်း ဖေဖော်ဝါရီ ၂၀၁၉ မှာကျင်းပတော့မယ်ဆိုတော့ တစ်နှစ်တာလုံးမှာမှ အကောင်းဆုံး New Artist တွေထဲကမှ အတော်ဆုံး Best New Artist Award ကိုချီးမြှင့်ဖို့ရာ Nominees စာရင်းကို ထုပ်ပြန်ခဲ့ပါတယ်။ စကာတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ အဆိုတော်များကတော့

Chloe X Halle

Luke Combs

Greta Van Fleet

H.E.R.

Dua Lipa

Margo Price

Bebe Rexha

Jorja Smith

တို့ပဲဖြစ်ပါတယ်။ အဆိုတော်အသစ်တွေဖြစ်ပေမယ့် ပရိသတ်တွေကြားမှလည်း လွှမ်းမိုး မှုအရမ်းရှိလို့ ဘယ်သူဟာ အကောင်းဆုံး New Artist Award ကို ပိုင်ဆိုင်ခွင့်ရမလဲဆိုတာကို 2019 Grammy ဆုပေးပွဲကြီးကို ရင်ခုန်စွာ စောင့်မျှော် ကြည့်ရှုကြရအောင်။