ပြင်တတ်ရင် လှပါတယ်။ ဆွဲဆောင်မှု ရှိဖို့ဆိုရင်တော့ အကြီးစား ပြင်ဆင်မှုတစ်ချို့လိုပါတယ်။

(၁) Gym ကစားပါ

Source: ShutterStock

ခန္ဓာကိုယ်ကြံ့ခိုင်တောင်းတင်းခြင်းဟာလည်း ဆွဲဆောင်မှု ရှိစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဗိုက်ခေါက်ထွက်ပြီး အဆီတွေနဲ့ဝတုတ်တုတ်ဖြစ်နေရင် ဘယ်လိုလုပ် ဆွဲဆောင်မှု ရှိပါ့မလဲ။ ဒီတော့ အရင်ဆုံး Body Building လုပ်ပြီး ခန္ဓာကိုယ်စမတ်ကျအောင် ပြုပြင်ဖို့အကြံပေးချင်ပါတယ်။

(၂) Grooming

Source: ShutterStock

ယောကျၤားတစ်ယောက်လည်း သန့်သန့်ပြန့်ပြန့်မွှေးမွှေးကြိုင်ကြိုင် နေသင့်ပါတယ်။ မုတ်ဆိတ်ထားမယ်ဆိုရင်လည်း သပ်သပ်ရပ်ရပ်ဖြစ်နေဖို့လိုသလို ရေမိုးချိုး ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်လေး နေမယ်ဆိုရင် ရုပ်ထွက်လာပါလိမ့်မယ်။

(၃) ဖက်ရှင်

Source: ShutterStock

တောင်းမှာအကွပ် လူမှာအဝတ်ဆိုတဲ့ စကားရှိပါတယ်။ ဝတ်တတ် စားတတ်တဲ့သူဟာ အများသူငါ အကြားမှာ ထင်ရှားပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်ကို ရွေးဝတ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိစေဖို့အများကြီး အထောက်အကူဖြစ်လာပါလိမ့်မယ်။

(၄) ဆံပင်

Source: ShutterStock

ဆံပင်ပုံစံဟာ လူတစ်ယောက်ကို အများကြီး ပြောင်းလဲစေပါတယ်။ Hair Designer ကောင်းကောင်းတစ်ယောက်ဆီ သွားပြီး ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံမျိုး ညှပ်ကြည့်လိုက်ရင် ကိုယ့်ရုပ်ရည်ဟာ ထူးခြားသွားမှာကို မြင်ရမှာပါ။ ဒါကြောင့် လူအများကြားမှာ ဆွဲဆောင်အားကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေဖို့ ဆံပင်ပုံစံကောင်းကောင်း ထားဖို့လည်း မမေ့သင့်ပါဘူး။

(၅) ယုံကြည်မှုတည်ဆောက်ပါ

Source: ShutterStock

စမတ်ကျကျ ဝတ်စားဆင်ယင်ပြီး နေတတ်ပြီဆိုရင် နောက်ထပ် လိုအပ်တဲ့အချက်က ယုံကြည်မှုပါ။ Self-Confidence အပြည့်နဲ့လှုပ်ရှားတဲ့သူဟာ ကြည့်လို့ပိုကောင်းပါတယ်။ ရုပ်မချောရင်တောင် သူ့ရဲ့ အပြုအမှုနဲ့ပြောဆိုတဲ့ ဟန်ပန်ဟာ ဆွဲဆောင်အားကောင်းသလို လူတွေရဲ့ စိတ်ထဲမှာလည်း အားကိုးချင်စရာဖြစ်လာပါတယ်။