အမိုက်စားသီချင်းတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ကာလကြာရှည်စွာ ရယူထားတဲ့ ရောခ့်တေးဂီတ အဖွဲ့တစ် ဖွဲ့ကတော့ Wanted အဖွဲ့ပဲဖြစ်ပါတယ်။
သီဆိုလေ့ရှိသောသီချင်းများ
Source: Fokker’s new future
Wanted အဖွဲ့ရဲ့ ထူးခြားချက်ကတော့ သီချင်းတွေဟာ ခံစားချက်တွေ အပြည့်အလျံပါဝင်နေတာပဲ ဖြစ်ပါတယ်။ စာသားတွေက လက်ရှိဘ၀ကို ထင်ဟပ်ပေါ်လွင်စေသလို တီးလုံးတွေကလည်း စိတ်ဖိစီးမှု တွေကို အကောင်းဆုံးဖြေဖျောက်နေနိုင်စွမ်းတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
စတင်ဖွဲ့စည်း
Source: Fokker’s new future
Wanted အဖွဲ့ကို ၂၀၀၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဂီတသက်တမ်းမှာ အတော်ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ Wanted အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ကတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ Fokker ပဲ ဖြစ် ပါတယ်။
ထွက်ရှိပြီးခဲ့သော တေးစီးရီးများ
Source: Fokker, Wanted
ပထမဆုံးစတင် ထွက်ရှိခဲ့သောတေးစီးရီးမှာ ရောင်ခြည် ဖြစ်ပြီး၊ နောက်ပိုင်းထွက်ရှိခဲ့သော အယ်လ် ဘမ်များမှာ င့ါဂီတ ငါ့ဗီဇ၊ တစ်ယောက်တစ်နေရာ ဆိုတဲ့အယ်လ်ဘမ်တွေပဲ ဖြစ်ပါတယ်။
စိတ်နဲ့လူ
Source: Fokker, Wanted
၂၀၁၈ခုနှစ်ရဲ့ သြဂုတ်လမှာတော့ Wanted အဖွဲ့ရဲ့ အသစ်စက်စက် တေးစီးရီးခွေဖြစ်တဲ့ ‘စိတ်နဲ့လူ ‘ ကိုပရိသတ်ရှေ့မှောက် အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ပါဝင်သောသီချင်းများ
Source: Fokker, Wanted
သီချင်းစုစုပေါင်း ၁၁ပုဒ်ပါဝင်ထားပြီး အချစ်သီချင်း ၃ပုဒ်ခန့်ပါဝင်ကြောင်း သိရပါတယ်။ Wanted ရဲ့ ထုံးစံ အတိုင်း ဘ၀နဲ့သက်ဆိုင်တဲ့ သီချင်းတွေအတော်တော်များများ ပါဝင်ပါတယ်။