[Zawgyi]

လူတစ္ေယာက္ က်န္းမာတယ္ ခ်ဴခ်ာတယ္ဆိုတာ သူ ့ရဲ့ လူေနမႈ ပံုစံနဲ ့ဆက္စပ္မႈ ရိွပါတယ္။ က်န္းမာေရးေကာင္းဖို ့ဆိုရင္ ကိုယ့္ရဲ့ လူမႈပံုစံဟာ က်န္းမာတဲ့ လူမႈပံုစံ ျဖစ္ဖို ့လိုပါတယ္။

(၁) ေလ့က်င့္ခန္းလုပ္ပါ

Source: ShutterStock

ကိုယ္လက္ ေလ့က်င့္ခန္းလုပ္ျခင္းဟာ လူကို ပိုၿပီး က်န္းမာေစပါတယ္။ လႈပ္ရွားမႈ နည္းတဲ့သူေတြဟာ ေရာဂါဘယပိုျဖစ္ဖို ့မ်ားပါတယ္။ တလႈပ္လႈပ္နဲ ့အၿငိမ္ ကုပ္မေနတဲ့သူေတြက ပိုက်န္းမာၾကပါတယ္။ အနည္းဆံုး အပင္ေလး ဘာေလး စိုက္တာ ျဖစ္ျဖစ္ အေၾကာေလွ်ာ့တာ ေယာဂကစားတာေလာက္ ျဖစ္ျဖစ္ ပံုမွန္ လုပ္ေပးသင့္ပါတယ္။

(၂) အရက္ ၊ ေဆးလိပ္ေရွာင္ပါ

Source: thestatesman

မူးယစ္ေဆးဝါးနဲ ့အရက္ေသစာေတြဟာ လူရဲ့ သက္တမ္းကို ဆဲြဆုတ္သလို ဖ်က္ဆီးပစ္မယ့္အရာေတြ ျဖစ္ရံုတင္မဟုတ္ဘဲ ေန ့စဥ္ က်န္းမာေရး ၊ လူမႈေရးနဲ ့ဘဝတိုးတက္ေရးပါ ထိခိုက္ႏိုင္ေစပါတယ္။ ေဆးလိပ္လည္း ဒီအတိုင္းပါပဲ။ မျဖစ္မေန ေရွာင္ဖို ့လိုပါတယ္။

(၃) အဟာရျပည့္ျပည့္ စားပါ

Source: ShutterStock

တစ္ေန ့တာ လႈပ္ရွားမႈအတြက္ လိုအပ္တဲ့ စြမ္းအင္ကို အစာအဟာရဆီက ရပါတယ္။ ေကာင္းေကာင္း လႈပ္ရွားႏိုင္ဖို ့ေကာင္းေကာင္း စားေပးဖို ့လိုပါတယ္။ က်န္းမာေရးအတြက္ မေကာင္းတဲ့ အဆီ ၊ အဆိမ့္ ၊ အငန္ ၊ အခ်ိဳေတြ စားတာမ်ိဳး ေလွ်ာ့ၿပီး အသားဓါတ္ ၊ သတၳဳဓါတ္ ၊ အိုမီဂါ ဖက္တီး သရီး စတဲ့ က်န္းမာေစတဲ့ ဓါတ္ေတြ ျပည့္ဝတဲ့ အစားအစာမ်ိဳး စားေပးသင့္ပါတယ္။

(၄) ေသာကနည္းေအာင္ ေနပါ

Source: ShutterStock

ဒီေခတ္ႀကီးဟာ တကယ့္ကို အျမန္ေခတ္ပါ။ အလ်င္စလို လႈပ္ရွားမႈေတြနဲ ့ဘဝကို လႈပ္ရွားပဲ့ကိုင္ေနရတာ ျဖစ္လို ့စိုးရိမ္မႈနဲ ့စိတ္ဖိစီးမႈေတြ ပိုမ်ားပါတယ္။ ေသာကနဲ ့စိတ္ပင္ပန္းမႈ နည္းေစဖို ့အသက္ရႈေလ့က်င့္ခန္း လုပ္တာ ၊ တရားရႈမွတ္တာမ်ိဳးဟာလည္း က်န္းမာတဲ့ဘဝတစ္ခုမွာ မရိွမျဖစ္ပါပဲ။

[Unicode]

လူတစ်ယောက် ကျန်းမာတယ် ချူချာတယ်ဆိုတာ သူ့ရဲ့ လူနေမှု ပုံစံနဲ့ဆက်စပ်မှု ရှိပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုရင် ကိုယ့်ရဲ့ လူမှုပုံစံဟာ ကျန်းမာတဲ့ လူမှုပုံစံ ဖြစ်ဖို့လိုပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

Source: ShutterStock

ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူကို ပိုပြီး ကျန်းမာစေပါတယ်။ လှုပ်ရှားမှု နည်းတဲ့သူတွေဟာ ရောဂါဘယပိုဖြစ်ဖို့များပါတယ်။ တလှုပ်လှုပ်နဲ့အငြိမ် ကုပ်မနေတဲ့သူတွေက ပိုကျန်းမာကြပါတယ်။ အနည်းဆုံး အပင်လေး ဘာလေး စိုက်တာ ဖြစ်ဖြစ် အကြောလျှော့တာ ယောဂကစားတာလောက် ဖြစ်ဖြစ် ပုံမှန် လုပ်ပေးသင့်ပါတယ်။

(၂) အရက် ၊ ဆေးလိပ်ရှောင်ပါ

Source: thestatesman

မူးယစ်ဆေးဝါးနဲ့အရက်သေစာတွေဟာ လူရဲ့ သက်တမ်းကို ဆွဲဆုတ်သလို ဖျက်ဆီးပစ်မယ့်အရာတွေ ဖြစ်ရုံတင်မဟုတ်ဘဲ နေ့စဉ် ကျန်းမာရေး ၊ လူမှုရေးနဲ့ဘဝတိုးတက်ရေးပါ ထိခိုက်နိုင်စေပါတယ်။ ဆေးလိပ်လည်း ဒီအတိုင်းပါပဲ။ မဖြစ်မနေ ရှောင်ဖို့လိုပါတယ်။

(၃) အဟာရပြည့်ပြည့် စားပါ

Source: ShutterStock

တစ်နေ့တာ လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်ကို အစာအဟာရဆီက ရပါတယ်။ ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ကောင်းကောင်း စားပေးဖို့လိုပါတယ်။ ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီ ၊ အဆိမ့် ၊ အငန် ၊ အချိုတွေ စားတာမျိုး လျှော့ပြီး အသားဓါတ် ၊ သတ္ထုဓါတ် ၊ အိုမီဂါ ဖက်တီး သရီး စတဲ့ ကျန်းမာစေတဲ့ ဓါတ်တွေ ပြည့်ဝတဲ့ အစားအစာမျိုး စားပေးသင့်ပါတယ်။

(၄) သောကနည်းအောင် နေပါ

Source: ShutterStock

ဒီခေတ်ကြီးဟာ တကယ့်ကို အမြန်ခေတ်ပါ။ အလျင်စလို လှုပ်ရှားမှုတွေနဲ့ဘဝကို လှုပ်ရှားပဲ့ကိုင်နေရတာ ဖြစ်လို့စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုတွေ ပိုများပါတယ်။ သောကနဲ့စိတ်ပင်ပန်းမှု နည်းစေဖို့အသက်ရှုလေ့ကျင့်ခန်း လုပ်တာ ၊ တရားရှုမှတ်တာမျိုးဟာလည်း ကျန်းမာတဲ့ဘဝတစ်ခုမှာ မရှိမဖြစ်ပါပဲ။