ကိုယ်ခန္ဓာမှာရှိတဲ့အဆီပိုတွေကိုလည်း လျော့ချချင်တယ်၊ အားကစားတစ်မျိုးမျိုးပြုလုပ်ဖို့ကလည်း အချိန်မပေးနိုင်ပြန်ဘူးဆိုကာ ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ရရှိဖို့အတွက် နည်းလမ်းတွေရှာဖွေနေပါသလား။ အချိန်လည်းပေးစရာမလို၊ အဆီပိုတွေလည်းကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။

ဒါကတော့ နေ့စဉ်စားသောက်တဲ့အခါမှာ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့ အစားအစာအမျိုးအစားများကို ရွေးချယ်စားသုံးပေးဖို့ပါပဲ။

အနက်ရောင်ပဲ

Source: A Year of Slow Cooking

အနက်ရောင်ရှိတဲ့ပဲအမျိုးမျိုးကို ရွေးချယ်စားသောက်ပေးပါ။ တစ်နေ့ကို ပဲအနက် ၈ ဂရမ်စားသုံးပေးရုံဖြင့် ခန္ဓာကိုယ်အလေးချိန် သိသိသာသာလျော့ကျနိုင်ကြောင်း တွေ့ရှိရမှာပါ။

ငါး

Source: Organic Food

ငါးမှာ ခန္ဓာကိုယ်အတွက်အားဖြစ်စေတဲ့ ဗီတာမင်ဒြပ်တွေ အများကြီးပါဝင်ပါတယ်။ တစ်နေ့ကိုငါး ၄ အောင်စ စားသုံးပေးရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေ လျော့ကျစေပြီး အားအင်တွေပြည့်ဝစေနိုင်မှာဖြစ်ပါတယ်။

ကြက်ဥ

Source: proddigital.com.br

တစ်နေ့ကို ၆ ဂရမ်ခန့်ရှိတဲ့ ကြက်ဥကြီးကြီးတစ်လုံး စားပေးဖို့လိုအပ်ပါတယ်။ မကျက်တကျက်ဖြစ်စေ၊ ဟင်းပုံစံမျိုးဖြစ်စေ စားသုံးပေးခြင်းဖြင့် ကြက်ဥမှာပါတဲ့ ဗီတာမင်ဒြပ်တွေဟာ ခန္ဓာကိုယ်ကို အများကြီးအထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

ဖရုံစေ့

Source: kamis.pl

တစ်နေ့စာ အာဟာရအတွက် ဖရုံစေ့ ၁ အောင်စ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဖရုံစေ့မှာပါတဲ့ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်ကျစ်လျစ်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့အရာတွေပါပဲ။

ပုစွန်

Source: Serious Eats

ပုစွန် ၄ အောင်စ စားသုံးပေးရုံဖြင့် ပရိုတင်းဓာတ် ၂၄ ဂရမ် ရရှိနိုင်မှာဖြစ်ပါတယ်။ ပုစွန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကအဆီတွေကို လျော့ကျသွားစေဖို့အတွက် ပူစရာမလိုတော့ပါဘူး။