ယောကျာ်းတွေအတွက် အရမ်းအရေးကြီးတဲ့ ကျားဟော်မုန်းကိုတိုးတက်စေတဲ့ အစားအစာတွေက ဘယ်လိုအစားအစာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လိင်စိတ်နိုးကြားစေပြီး အမျိုးသားစွမ်းဆောင်ရည်တွေကိုမြင့်စေတဲ့ အစားအစာတွေဟာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာတွေထဲမှာပဲရှိပါတယ်။

ပင်လယ်ငါးတွေ

Source: www.healthline.com

ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လမွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ငါးဒန်တွေဟာ အိုမီဂါ(၃) ဖက်တီးအက်ဆစ်ဓာတ်ပါဝင်မှု အားကောင်းပါတယ်။ ဒီ Omega 3 Fatty Acid ဓာတ်ဟာ ဦးနှောက်ထဲက ဒိုပါမင်းပမာဏကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒိုပါမင်းက လိင်ဆန္ဒကို နိုးကြားတက်ကြွလာအောင် လုပ်ပေးပါတယ်။ ဒါ့ပြင် ပင်လယ်ငါးတွေဟာ နိုက်ထရစ်အက်ဆစ်ကို တိုးပွားစေနိုင်တာမို့ လိင်တံကို ပိုမာတောင့်လာအောင် လုပ်ပေးနိုင်ပါတယ်။

ဂျုံအမျိုးမျိုး

Source: www.ahintofhoney.com

ဂျူံရိုင်း၊ ဂျုံကြမ်း၊ မြင်းစားဂျုံတို့ကို စားသုံးပေးမယ်ဆိုရင် သွေးထဲက တက်စတိုစတီရုန်းဓာတ်တိုးပွားစေပါတယ်။ အုတ်ဂျုံက လိင်တံမာတောင့်မှုကို အာပေးကူညီပေးလို့ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ပန်းဂေါ်ဖီနဲ့ ကိုက်လန်လေးတွေ

Source: angkorbeauty.net

ပန်းဂေါ်ဖီအဖြူ၊ အစိမ်းနဲ့ ကိုက်လန်တို့ကိုလည်း စားသုံးပေးပါ။ သူတို့ဟာ Antioxidants တွေ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ အဓိကအားဖြင့်တော့ ကျားဟော်မုန်းဓာတ်တွေကို တိုးပွားစေတာပါ။

အစေ့အဆံတွေ

Source: www.askmen.com

အစေ့အဆံတွေကလည်း ကျားဟော်မုန်းတွေကို အားတိုးစေပါတယ်။ သီဟိုဠ်စေ့၊ နေကြာစေ့၊ ရွှေဖရုံစေ့၊ မြေပဲစေ့၊ ဗာဒန်စေ့၊ သစ်ကြားစေ့ စတဲ့ အစေ့အဆံတွေမှာ ဆယ်လီးနီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ယောကျာ်းဟော်မုန်းဓာတ်ကို အထူးကောင်းမွန်စေတာကြောင့် အစေ့အဆံတွေကို စားသုံးပေးဖို့လည်း မမေ့ကြပါနဲ့။

ငှက်ပျောသီး

Source: teesrijungnews.com

ကယ်လိုရီမြင့်မားပြီး အင်အားဖြစ်ထွန်းစေတာ ငှက်ပျောသီးပါ။ ပိုတက်စီယမ်ဓာတ်နဲ့ ဗီတာမင်ဓာတ် အမျိုးသားတွေရဲ့ ဟော်မုန်းဓာတ်ကို အထူးကောင်းမွန်စေပါတယ်။ နာနတ်သီးကိုပါ တွဲဖက်စားသုံးမယ်ဆိုရင်တော့ နာနတ်သီးမှာပါဝင်တဲ့ ဘရိုမယ်လိန်းအင်ဇိုင်းနဲ့ ပူးပေါင်းပြီး သုတ်ထွက်အားကို ကောင်းစေပါတယ်။