[Zawgyi]

အားကစားလုပ္ရံုနဲ႔ ဝိတ္က်တယ္ဆိုတာေတာ့ အျပည့္မဝမျဖစ္ႏိုင္ပါဘူး။ဘာေၾကာင့္လဲဆိုရဲ႕ သင့္ရဲ႕ ဝိတ္ခ်မႈက ေန႔စဥ္သင္စားသံုးေနတဲ့ အစားအစာေတြေပၚမွာလည္းအမ်ားႀကီးမူတည္ေနပါတယ္။ဒါေၾကာင့္သင္အေနနဲ႔ ပိန္ဖို႔ႀကိဳးစားေနသူတစ္ေယာက္ဆိုရင္ေတာ့ ဒီအစားအစာေတြကို လံုးဝေရွာင္က်ဥ္သင့္ပါတယ္။

(၁) ဆီေၾကာ္အစားအစားမ်ား

Source : myrecipes.com

ဆီေၾကာ္အစားစာေတြျဖစ္တဲ့ အားလူးေၾကာ္ ၾကက္ေၾကာ္ နဲ႔ တျခားေသာဆီနဲ႔ေၾကာ္ထားတဲ့အစားအစာေတြမွာ ကယ္လိုရီပါဝင္ႏႈန္းအရမ္းကိုျမင့္မားပါတယ္။ကိုယ့္အေနနဲ႔ ဘယ္ေလာက္ပဲ အပင္ပန္းခံၿပီးအားကစားေတြလုပ္ေနပါေစ ဒီလိုဆီေၾကာ္ အစားအစာေတြစားသံုးေနမယ္ဆိုရင္ေတာ့ ဝိတ္က်ႏိုင္မွာမဟုတ္ပါဘူး။

(၂) အခ်ဳိကဲတဲ့အစားအစားမ်ား

Source : Panet

ဝတဲ့လူေတြအမ်ားစုက အခ်ဳိႀကိဳက္တဲ့သူေတြျဖစ္ပါတယ္။အခ်ဳဳဳိကဲတဲ့ အစားအစာေတြမွာ သၾကားပါဝင္မႈမ်ားၿပီး ကယ္လိုရီျမင့္တက္ေစတာေၾကာင့္ေတာ္ရံုဝိတ္က်ဖို႔ မျဖစ္ႏိုင္ပါဘူး။ဒါအျပင္အခ်ိန္ၾကာၾကာအခ်ိဳမ်ားတဲ့အစားအေသာက္ေတြစားသံုးေနျခင္းက ဆီးခ်ဳိေရာဂါကိုပါျဖစ္ေစႏိုင္တာေၾကာင့္ အခ်ဳိဓာတ္ျမင့္မားတဲ့အစားအစာေတြကိုေလ်ာ့ဖို႔အႀကံျပဳခ်င္ပါတယ္။

(၃) အခ်ဳိရည္

Source : ILoveQatar

အခ်ဳိရည္ေတြကလည္း ထို႔နည္းအတူပါပဲ။အခ်ဳိရည္အမ်ားစုမွာသၾကားဓာတ္ျမင့္မားစြာပါဝင္တာေၾကာင့္ ကယ္လိုရီပိုတက္ေစၿပီး ခႏၶာကိုယ္မွာ မလိုလားအပ္တဲ့ အဆီပိုေတြျဖစ္လာေစႏိုင္ပါတယ္။ဒါေၾကာင့္ ဂတ္စ္ပါတဲ့ အခ်ဳိရည္ေတြ သဘာဝမတိုင္းမဟုတ္တဲ့ အခ်ဳိရည္ေတြကို အတက္ႏိုင္ဆံုးေရွာင္က်ဥ္သင့္ပါတယ္။

(၄) ကြတ္ကီး

Source : Pinterest

ဘယ္ေနရာေရာက္ေရာက္ အခ်ိန္မေရႊးစားသံုးႏိုင္သလို လြယ္ ကူလ်င္ျမန္စြာပဲဝယ္ယူစားသံုးလို႔ရတဲ့ ကြက္ကီးေတြဟာ မၾကာခဏဗိုက္ဆာတက္သူေတြအတြက္ေတာ့ အေကာင္းဆံုးပဲလို႔ ထင္တက္ၾကပါတယ္။ကြက္ကြီးမွာ ဝိတ္တက္ေစမယ့္ သၾကား ေထာပတ္နဲ႔ ႏို႕ထြက္ပစၥည္းေတြပါဝင္တာေၾကာင့္ သင့္ကို ဝိတ္က်ဖို႔ကူညီေပးမွာမဟုတ္ပါဘူး။ကယ္လိုရီမ်ားတဲ့အစားအစာေတြထဲမွာကြက္ကီးေတြကလည္းပါဝင္ေနတာေၾကာင့္ ဝိတ္ခ်မယ္ဆိုရင္ ကြက္ကီးေတြကိုေရွာင္က်ဥ္လိုအပ္ပါတယ္။

[Unicode]

အားကစားလုပ်ရုံနဲ့ ဝိတ်ကျတယ်ဆိုတာတော့ အပြည့်မဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရဲ့ သင့်ရဲ့ ဝိတ်ချမှုက နေ့စဉ်သင်စားသုံးနေတဲ့ အစားအစာတွေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ဒါကြောင့်သင်အနေနဲ့ ပိန်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ ဒီအစားအစာတွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၁) ဆီကြော်အစားအစားများ

Source : myrecipes.com

ဆီကြော်အစားစာတွေဖြစ်တဲ့ အားလူးကြော် ကြက်ကြော် နဲ့ တခြားသောဆီနဲ့ကြော်ထားတဲ့အစားအစာတွေမှာ ကယ်လိုရီပါဝင်နှုန်းအရမ်းကိုမြင့်မားပါတယ်။ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ အပင်ပန်းခံပြီးအားကစားတွေလုပ်နေပါစေ ဒီလိုဆီကြော် အစားအစာတွေစားသုံးနေမယ်ဆိုရင်တော့ ဝိတ်ကျနိုင်မှာမဟုတ်ပါဘူး။

(၂) အချိုကဲတဲ့အစားအစားများ

Source : Panet

ဝတဲ့လူတွေအများစုက အချိုကြိုက်တဲ့သူတွေဖြစ်ပါတယ်။အချုိုုကဲတဲ့ အစားအစာတွေမှာ သကြားပါဝင်မှုများပြီး ကယ်လိုရီမြင့်တက်စေတာကြောင့်တော်ရုံဝိတ်ကျဖို့ မဖြစ်နိုင်ပါဘူး။ဒါအပြင်အချိန်ကြာကြာအချိုများတဲ့အစားအသောက်တွေစားသုံးနေခြင်းက ဆီးချိုရောဂါကိုပါဖြစ်စေနိုင်တာကြောင့် အချိုဓာတ်မြင့်မားတဲ့အစားအစာတွေကိုလျော့ဖို့အကြံပြုချင်ပါတယ်။

(၃) အချိုရည်

Source : ILoveQatar

အချိုရည်တွေကလည်း ထို့နည်းအတူပါပဲ။အချိုရည်အများစုမှာသကြားဓာတ်မြင့်မားစွာပါဝင်တာကြောင့် ကယ်လိုရီပိုတက်စေပြီး ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် ဂတ်စ်ပါတဲ့ အချိုရည်တွေ သဘာဝမတိုင်းမဟုတ်တဲ့ အချိုရည်တွေကို အတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၄) ကွတ်ကီး

Source : Pinterest

ဘယ်နေရာရောက်ရောက် အချိန်မရွှေးစားသုံးနိုင်သလို လွယ် ကူလျင်မြန်စွာပဲဝယ်ယူစားသုံးလို့ရတဲ့ ကွက်ကီးတွေဟာ မကြာခဏဗိုက်ဆာတက်သူတွေအတွက်တော့ အကောင်းဆုံးပဲလို့ ထင်တက်ကြပါတယ်။ကွက်ကွီးမှာ ဝိတ်တက်စေမယ့် သကြား ထောပတ်နဲ့ နို့ထွက်ပစ္စည်းတွေပါဝင်တာကြောင့် သင့်ကို ဝိတ်ကျဖို့ကူညီပေးမှာမဟုတ်ပါဘူး။ကယ်လိုရီများတဲ့အစားအစာတွေထဲမှာကွက်ကီးတွေကလည်းပါဝင်နေတာကြောင့် ဝိတ်ချမယ်ဆိုရင် ကွက်ကီးတွေကိုရှောင်ကျဉ်လိုအပ်ပါတယ်။