အသီးအနှံစားသုံးတာဟာ ကျန်းမာရေးအတွက်လို့ လူအများစုက သိထားကြပါတယ်။ တကယ်တော့ အသီးအနှံဟာ ကျန်းမာရေးအတွက်တွေ အသားအရေအတွက်တွေသာမက မှတ်ဥာဏ်အရည်အသွေးတွေအတွက်လည်း များစွာအထောက်အကူပြုပါတယ်။

Source: Shutterstock

ဘယ်လိုအကျိုးပြုတာလဲ

Source: Shutterstock

ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏ နည်းပါးခြင်းက မှတ်ဥာဏ်အရည်အသွေးကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အဲဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ရောင်စုံကို စားသုံးသင့်ပါတယ်။

Source: Shutterstock

အနီရောင်ဘယ်ရီသီး ၊ ဘလူးဘယ်ရီ ၊ တရုတ်ဆီးသီး ၊ ဆီးသီးခြောက် ၊ ကြက်သွန်ဖြူ နဲ့ ဥနီတို့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပြီး နောက်တစ်မျိုးကတော့ စပျစ်သီးစေ့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စပျစ်သီးစားတဲ့အခါ စပျစ်သီးစေ့ကိုပါ ဝါးစားပါ