ဘ၀မှာ အောင်မြင်မှုဆီကိုသွားဖို့အတွက်က နည်းလမ်းတွေလိုအပ်ပါတယ်။ သင်ဆရာ၊ မြင်ဆရာတွေလည်းရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ယခုတခါမှာလည်း လူတွေအတုယူဖို့ကောင်းတဲ့ အကောင်လေးတွေရဲ့အကြောင်းကို ပြောပြချင်ပါတယ်။

ပုရွက်ဆိတ်

Source: lifealth.com

ပုရွက်ဆိတ်လေးတွေဟာ အတော်သေးငယ်တဲ့အကောင်လေးတွေပါ။ ဒါပေမယ့် သူတို့မှာအထင်ကြီးစရာ စိတ်ဓာတ်တွေ၊ အမူအကျင့်တွေရှိပါတယ်။ ဒါကတော့ အဖွဲ့အစည်း စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်တဲ့အမူအကျင့်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့စုပေါင်းစွမ်းအားဟာ လူတွေအားကျအတုစရာကောင်းလောက်အောင်ကို အဆင့်မြင့်မားလှပါတယ်။

ပျား

Source: wolfcreekbees.com

ပျားကောင်လေးတွေဟာ အရမ်းအလုပ်လုပ်ကြပါတယ်။ သူတို့ရဲ့ လုံ့လ၀ီရိယတွေကြောင့် လူတွေဟာ ဆေးဖက်ဝင်တဲ့ပျားရည်တွေ၊ ပျားဖယောင်းတွေကို မှီဝဲနိုင်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့အံမခန်းအမူအကျင့်ကတော့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အမိန့်နာခံနိုင်မှုစွမ်းရည်ပဲဖြစ်ပါတယ်။

ခြ

Source: YouTube

အလုပ်အရမ်းလုပ်တဲ့အင်းဆက်တွေထဲမှာ ခြလည်းပါဝင်ပါတယ်။ လူတွေဖျက်ချတဲ့ သူတို့ရဲ့အိမ်တွေကို မရပ်မနားပြန်လည်တည်ဆောက်ရင်းနဲ့ သေတဲ့အထိအလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အတုယူစရာအမူအကျင့်ကတော့ လုံးဝမလျော့တဲ့ဇွဲ၊ လုံ့လတွေပဲဖြစ်ပါတယ်။