အမျိုးသားအများစုဟာ အချိုအရသာကို သဘောကျနှစ်သက်တတ်ကြပါတယ်။ အချိုအဆိမ့် အရသာရှိတဲ့အစားအစာတွေဟာ အလွန်အကျွံစားသုံးရင်တော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အကြိုက်ကိုလည်း စိတ်တိုင်းကျစားနိုင်ပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းကျိုး တွေပေးနိုင်တဲ့အစားအစာတစ်မျိုးကို ပြောပြပေးချင်ပါတယ်။

ကန္တာ၀င်မြောက်ချောကလက် ပန်ကိတ်

Source: WordPress.com

စတော်ဘယ်ရီသီးနဲ့ အလှဆင်ထားတဲ့ ချောကလက်ပန်ကိတ်ကို ဦးစားပေးရွေးချယ်လိုက်ပါ။ ခန္ဓာကိုယ်အတွက် ကယ်လိုရီအရမ်းမများစေပဲ ပရိုတင်းဓာတ်တွေနဲ့လည်း ပြည့်ဝနေပါတယ်။ အချိုအရသာလျော့နည်းတဲ့အတွက် လိုအပ်လျင်သကြားထပ်ဖြူးပြီး လည်းစားနိုင်ပါတယ်။

ဘလူးဘယ်ရီပန်ကိတ်

Source: beantownbaker.com

ဘလူးဘယ်ရီသီးများနဲ့ ပြုလုပ်ထားတဲ့ ပန်ကိတ်ကို ရွေးချယ်စားသုံးကြည့်ပါ။ ဘလူးဘယ်ရီသီးမှာ Antioxidants ဓာတ်တွေပါဝင်တဲ့အပြင် ပရိုတင်းဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ သင့်ရဲ့နေ့လည်ခင်းစာကို ဘလူးဘယ်ရီပန်ကိတ်တစ်လုံးနဲ့ ကောင်းမွန်စွာကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

မြေပဲ၊ထောပတ်နဲ့ချိစ်ပန်ကိတ်

Source: foodfanatic.com

အချိုကြိုက်တဲ့ အမျိုးသားများကတော့ ဘယ်လိုမှငြင်းဆန်နိုင်မှာ မဟုတ်တဲ့ ပန်ကိတ်တစ်လုံးပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေကအလျှံပယ်ကိုပါရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အကြာကြီးနေမှတစ်ခါ လောက်သာစားသုံးသင့်ပါတယ်။ မကြာခဏစားသုံးမယ်ဆိုရင် သင့်ခန္ဓာကိုယ်နဲ့ သွားတွေအတွက် စိုးရိမ်စရာကိစ္စ တွေဖြစ်ပေါ်လာနိုင်ပါတယ်။