ဂီတလောကမှာ အောင်မြင်မှုရရှိခဲ့ကြတဲ့ အဆိုတော် အမျိုးသမီးလေးယောက်ရဲ့ ထူးထူးခြားခြား group song တစ်ပုဒ်ကို ပရိသတ်လက်ထဲထည့်တော့မှာဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးအဆိုတော် လေးဦးကတော့ ယုဇန ၊ ခင်ဘုဏ်း ၊ မေစံပယ်ညို နဲ့ ရေဗက္ကာဝင်း တို့ပဲဖြစ်ပါတယ်။

Source: Yuzana Mn

သြဂုတ်လ ၁ရက်နေ့မှာ ဒီတေးသီချင်းကို အွန်လိုင်းကနေ ဖြန့်ချီမှာဖြစ်ပြီး တေးသီချင်းအမည်ကတော့ “အရင်လို အသက်ရှူမဝတဲ့ ပဋိပက္ခအလွမ်းနေ့ရက်ရှည်” ဖြစ်ပါတယ်။ ဒီသီချင်းဟာ လေးယောက်စလုံးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက စာသားတွေကို ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။

Source: Yuzana Mn

အဆိုတော် ယုဇနရဲ့ ပဋိပက္ခ ၊ အဆိုတော် ရေဗက္ကာဝင်းရဲ့ အရင်လို ၊ အဆိုတော် ခင်ဘုဏ်းရဲ့ အသက်ရှူမဝတဲ့ ၊ အဆိုတော် မေစံပယ်ညိုရဲ့ အလွမ်းနေ့ရက်ရှည် သီချင်းတွေထဲက စာသားတွေကို ပေါင်းစုပြီး group song ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် အမျိုးသမီးလေးဦးရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းစာသားတွေကို ပေါင်းစုပြီး ပြုလုပ်ထားတဲ့ ဒီ အလွမ်းသီချင်း MTV ကို ပရိသတ်တွေကြိုက်နှစ်သက်လိမ့်မယ်လို့ ယူဆထားကြောင်း ဒီသီချင်းထဲမှာ ပါဝင်သီဆိုထားသူတစ်ယောက်ဖြစ်တဲ့ အဆိုတော် ယုဇနက ဆိုပါတယ်။

Source: Yuzana Mn