ချောမောခန့်ညားတဲ့ အမျိုးသားတွေဟာ အားကစားနည်းတစ်ခုခုကို ကစားတော့မယ်ဆိုရင် ကိုယ့်ရဲ့ ဝါသနာအရသာမက ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့အားကစားနည်းကို ရွေးချယ်လိုက်ခြင်းဖြင့် နဂိုကခန့်ညားတဲ့အမျိုးသားတွေဟာ ပိုပြီးစတိုင်ကျသွားမှာပဲ ဖြစ်ပါတယ်။

စက်ဘီးစီးအားကစားနည်း

Source: The Remote Life

ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းအတွက် အသင့်တော်ဆုံးကတော့ စက်ဘီးစီးပေးဖို့ပဲဖြစ်ပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းတဲ့အတွက် ကျန်းမာရေးကို များစွာအထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင်စက်ဘီးနဲ့ ခပ်မိုက်မိုက်စတိုင် လန်းဆန်းနေတဲ့သင့်ကို မိန်းကလေးတွေကလည်း ပစ်ကြွေနိုင်တာပေ့ါ။

ရေကူးအားကစားနည်း

Source: Britannica

ယောကျ်ားလေးတိုင်း ရွေးချယ်သင့်တဲ့အားကစားနည်းတစ်ခုကတော့ ရေကူးအားကစားနည်းပဲဖြစ်ပါတယ်။ ရေကူးခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားတွေသန်မာကျစ်လစ်စေပြီး စတိုင်ကျနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေကူးအားကစားနည်းဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆုတ်ကို အားကောင်းစေပြီး ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။

ဘိုးလင်းပစ်ကစားနည်း

Source: Freepik

သင့်ရဲ့စိတ်တွေကို တည်ငြိမ်အောင် အကောင်းဆုံးစုစည်းပေးနိုင်တဲ့ အားကစားနည်းကတော့ ဘိုးလင်းပစ် ကစားနည်းပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ပစ်မှတ်ကိုထိအောင် စိတ်နဲ့ကစားတဲ့အားကစားနည်းလို့ ပြောရင်လည်း မမှားပါဘူး။

ဂေါက်သီးရိုက်အားကစားနည်း

Source: Restless Heart Film

ဂေါက်သီးရိုက်ခြင်းဟာ မှန်ကန်တဲ့ကိုယ်လက်လှုပ်ရှားမှုကို လေ့ကျင့်ပေးနိုင်ပါတယ်။ ဂေါက်သီးရိုက် ကစားခြင်းဖြင့် လေကောင်းလေသန့်ကိုလည်း ရရှိစေနိုင်သလို အပေါင်းအသင်း၊ သူငယ်ချင်းများနှင့်လည်း ပိုမို ရင်းနှီးမှုရရှိစေနိုင်မှာဖြစ်ပါတယ်။