ဘယ်သူမှ တစ်နေ့ဘာဖြစ်မယ် ၊ ဘာပြီးရင် ဘာလာမယ်ဆိုတဲ့ တစ်သက်စာဟောစာတမ်းနဲ့ လူဖြစ်လာတာ မဟုတ်ပါဘူး။ အောင်မြင်သူတို့ဘဝလမ်းကြောင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားမှုတွေ ရှိပေမယ့် သူတို့မှာ အခုပြောမယ့် အရည်အချင်းတွေ ရှိနေကြပါတယ်။

(၁) Branding ကောင်းသူ

Source: ShutterStock

တစ်ချို့လူတွေက သိပ်တော်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်သူ့ရဲ့ အားသာချက်က ကိုယ့်ကိုယ်ကို တန်ဖိုးတင်တတ်တာပါပဲ။ ဒီလူတွေဟာ သူတို့ကိုယ်သူတို့Promote လုပ်ဖို့ဘာသာစကားပိုင်း ၊ လူမှုဆက်ဆံရေးပိုင်းနဲ့ကိုယ်ပိုင်ဟန်တည်ဆောက်မှုပိုင်းမှာ အားထည့်တတ်ပါတယ်။

(၂) ဆုံးဖြတ်ချက်ပြတ်သားသူ

Source: ShutterStock

တစ်နေ့အောင်မြင်မယ့်သူတစ်မျိုးကတော့ ကိုယ့်လမ်းကြောင်းကို တစိုက်မတ်မတ်သွားပြီး ကိုယ်သွားမယ့် ဦးတည်ရာကို တကယ်သိတာပါ။ သူတို့မှာ တွေဝေမှု မရှိ သလို ကိုယ်လုပ်နေတဲ့ အလုပ်တွေအပေါ် ယုံကြည်စိတ် မယိုင်မလဲစတမ်း ရှိတတ်ကြပါတယ်။ သာမန်လူတွေ လက်လျှော့သွားမယ့်အချိန်မျိုးမှာ မတ်တပ်ရပ်ပြီး ဆက်လက်သွားနေဦးမယ့်သူမျိုးဟာ တစ်နေ့မှာ အောင်မြင်မယ့်သူတစ်ယောက် ဖြစ်လာတတ်ပါတယ်။

(၃) Learning Skill ကောင်းတဲ့သူ

Source: ShutterStock

သင်ယူမှုက ပညာရေးထက်တောင် အရေးကြီးပါတယ်။ နိုင်ငံကျော် ကျောင်းတွေ ၊ တက္ကသိုလ်တွေ မတက်ဖူးပေမယ့် တကယ့်ဘဝထဲမှာ သင်ယူမှုအားသန်ပြီး တကယ်လည်း ထိရောက်အောင် အသုံးချနိုင်သူတွေဟာ လူ့အဖွဲ့အစည်းမှာ ထိပ်တန်းရောက်လာတတ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ဘယ်တော့မှ သင်ယူမှုကို မရပ်ဖို့နဲ့တကယ်တတ်သိနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။

(၄) ဦးဆောင်မှုကောင်းသူ

Source: ShutterStock

ပင်ကိုယ်စွမ်းရည်တွေထဲမှာ ခေါင်းဆောင်ခြင်းဆိုတာလည်း ပါပါတယ်။ အလုပ်တစ်ခု ၊ အဖွဲ့အစည်းတစ်ခုမှာ စီမံခန့်ခွဲမှုနဲ့ဦးဆောင်အားကောင်းတဲ့ သူတွေဟာ ထိပ်တန်းရောက်နိုင်ပါတယ်။ ဒီလိုလူတွေဟာ ဘယ်သူ့စွမ်းရည်ကို ဘယ်နားသွားသုံးရမယ်။ ဘယ်လို လှုံ့ဆော်ရမယ်ဆိုတဲ့ နည်းစနစ်တွေကို ကောင်းကောင်း သိသူတွေ ဖြစ်ပါတယ်။