သီတင်းတပတ်ရဲ့ပိတ်ရက်တွေမှာ ကိုယ့်ရဲ့အားလပ်ချိန်တွေကို အသုံးချပြီး အကောင်းဆုံးအပန်းဖြေ တတ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့လည်း အပြင်လျှောက်မလည်ချင်၊ မိသားစုနဲ့လည်း အချိန်မဖြုန်းချင်တဲ့သူတွေအဖို့ အဆင်ပြေဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့သီချင်းနားထောင်တာပဲဖြစ်ပါတယ်။

ဘယ်လိုသီချင်းအမျိုးအစားကိုရွေးချယ်မလဲ။

Source: VideoBlocks

တနင်္ဂနွေလို အားလပ်ရက်မျိုးမှာ ကော်ဖီတစ်ခွက်ရယ် စိတ်ဝင်စားဖွယ်စာအုပ်ကောင်းတစ်အုပ်ရယ် ငြိမ့်ညောင်းတဲ့ Jazz သီချင်းတွေရယ် ဒါတွေကိုအဖော်ပြုပြီး စိတ်ရောလူပါ အနားယူအပန်းဖြေနိုင်ပါတယ်။

Jazz Music ဆိုတာ ဘယ်လိုဂီတမျိုးလဲ။

Source : blog.diskonaja.com

Jazz ဂီတဟာ အနောက်အာဖရိကမှာစတင်ခဲ့တဲ့ ဂီတအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ၁၉ရာစုနှောင်းပိုင်းမှာ တောင်အမေရိကမှာ လူကြိုက်များ ရေပန်းစားလာခဲ့ပါတယ်။

ဘယ်လိုတူရိယာမျိုးကို သုံးပြီး Jazz ဂီတကိုဖန်တီးမလဲ။

Source :  Eagle Rock Music Studio

စန္ဒယား၊ဘေစ့်ဂီတာ၊ဒရမ်နဲ့ Jazz ဂီတရဲ့အဓိကတူရိယာတစ်မျိုးဖြစ်တဲ့ Horn တို့ကိုအသုံးပြုပြီး ငြိမ့်ညောင်းသာယာတဲ့ Jazz သီချင်းတွေကို ဖန်တီးထားတာဖြစ်ပါတယ်။

အမိုက်စား Jazz Music များ

Jazz Music တွေနဲ့အပန်းဖြေတော့မယ်ဆိုရင် ခပ်မိုက်မိုက် Jazz သီချင်းလေးတွေကို စုစည်းဖော်ပြပေး ချင်ပါတယ်။

Nick Colionne

Source: Goldstar

Jazz Music ရဲ့ဘိုးအေကြီးလို့တင်စားခေါ်ဆိုနိုင်တဲ့အဆိုတော် Nick Colionne ရဲ့သီချင်းတွေကို ခံစားကြည့်လိုက်ပါ။ အသက်၉နှစ်အရွယ်မှာစတင်ပြီးဂစ်တာတီးခတ်ခဲ့တဲ့ Nick ဟာအသက် ၁၅နှစ်အရွယ် မှာတကယ့် Pro အဆင့်ကိုရောက်နေခဲ့ပါတယ်။ သူ့ရဲ့ Jazz သီချင်းတွေကို တနင်္ဂနွေနေ့လို အားလပ်ရက်တွေ စီးမျောပျော်ဝင်ကြည့်လိုက်ပါ။

Ella Fitzgerakd

Source: Daily Press

Jazz ဂီတရဲ့ခေတ်ဦးအဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူမဟာနာမည်ကြီး Jazz အဆိုတော်တစ်ဦး ဖြစ်တဲ့အပြင် ရေကူးချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။ Ella ရဲ့ ထင်ရှားကျော်ကြားတဲ့ သီချင်းများစွာထဲကမှ Stairway To The Stars ဆိုတဲ့သီချင်းလေးကို ပြန်ညွှန်းပေးချင်ပါတယ်။ ငြိမ့်ညောင်းမှုအပြည့်နဲ့ စီးမျောခံစား နိုင်မှာပဲဖြစ်ပါတယ်။