ဘောလုံးပွဲတစ်ပွဲရဲ့ရသကို ကျွန်တော်တို့စဉ်းစားကြဖူးရဲ့လား။ ဘောလုံးပွဲတစ်ပွဲရဲ့ အနှစ်သာရဆိုတာ အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ ရလဒ်တွေပင်ဖြစ်ပါတယ်။ ဘောလုံးပွဲတစ်ပွဲကို ပွဲမပြီးခင်အထိ ဘာမှခန့်မှန်းလို့မရနိုင်ပါဘူး။ ဘောလုံးဆိုတာ အားကစားတစ်ခုထက်ပိုပါတယ်။ အနုပညာတစ်ခုနီးပါးပါ။ ထို့အတူ လှပလှတဲ့ဖရီးကစ်တွေကို မြင်ဖူးကြမှာပါ။ လူတံတိုင်းအထပ်ထပ်ကိုကျော်ဖြတ်ကာ သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးတွေလည်းမြင်ဖူးကြမှာပါ။
(၁) ပီယာလို
Source: sportyghost.com
အီတလီရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဟောင်း၊ ဂျုဗင်တယ်စ်ရဲ့ ကွင်းလယ်အင်ဂျင် ပီယာလိုကိုတော့ ဖရီးကစ်တို့ရဲ့ဘုရင်လို့တင်စားလို့ရပါတယ်။ (၂၀၁၄) ခုနှစ်က အင်္ဂလန်အသင်းကို သူသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဟာ အားလုံးကို မှင်သတ်စေခဲ့ပါတယ်။
(၂) ဖရန်ဆက်စို လိုဒီ
Source: gettyimages.co.uk
သူဟာတော့ ဖရီးကစ်၊ အလွတ်တည်ကန်ဘောတွေကန်ရာမှာ ပါရမီထူးလှတဲ့ အီတလီသားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ဘောလုံးသမားဘ၀ကိုတော့ စီးရီးအေကလပ် ပါလာမာမှာ ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်ပါ။
(၃) ရော်နယ်ဒို
Source: sportyghost.com
ယခုအချိန်မှာ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးကစားသမားတစ်ယောက်လို့ ယူဆလို့ရသေးတဲ့ ရော်နယ်ဒိုရဲ့ ဖရီးကစ်စကေးကတော့ ပထမတန်းစားပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ ယခုလက်ရှိ စပိန်တော်ဝင် ရီးရဲအသင်းတွင် ရော်နယ်ဒို ဖရီးကစ်ကနေကန်သွင်းခဲ့တဲ့ ဂိုးဟာ ဒုနဲ့ဒေးပါ။ ဖရီးကစ်ကန်သွင်းရာတွင်ထားတဲ့ ကိုယ်နေဟန်ထားကလည်း စတိုင်ကျလှပါတယ်။
(၄) လီယွန်နယ်မက်ဆီ
Source: sportyghost.com
ရော်နယ်ဒိုရဲ့အဓိပြိုင်ဘက် မက်ဆီဟာလည်း ဖရီးကစ်တွေမှာ ကျွမ်းကျင်ပါးနပ်သူပါ။ ဘောလုံးကစားရာတွင် ပါရမီထူးလှတဲ့အတွက် ဂြိုလ်သားလားလို့ စွပ်စွဲခံရတဲ့မက်ဆီဟာ မိခင်ကလပ် ဘာစီလိုနာအသင်းအတွက် အလွတ်တည်ကန်ဘောကနေ ဂိုးတွေအများအပြားယူနိုင်ခဲ့ပါတယ်။
(၅) ရော်နယ်ဒင်ဟို
Source: sportyghost.com
ရော်နယ်ဒင်ဟိုရဲ့ကစားပုံက အနုပညာဆန်လှပါတယ်။ စကေးကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးကြယ်ပွင့်သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးတွေဟာလည်း သူရဲ့စကေးကို အပြည့်အ၀ဖော်ပြနေပါတယ်။