၂၀၁၈ခုနှစ်ရဲ့လူကြိုက်များရေပန်းအစားဆုံး Jazz Music များကို ဖော်ပြပေးချင်ပါတယ်။ ၂၀၁၈ Billboard ရဲ့စာရင်းများအရ ယခုနှစ်ရဲ့အမိုက်စား၊ အလန်းစား Jazz Music နဲ့ အနုပညာရှင်တွေက တန်းစီ ပြီးရှိနေပြီဖြစ်ပါတယ်။

Brain Culbertson

Source: Hub City Jazz Festival

၂၀၁၈ Billboard ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Jazz အဆိုတော်ကတော့ Brain Culbertson ပဲဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၁၀ခုနှစ်မှာထွက်ရှိထားတဲ့ XII ဆိုတဲ့ Album ပဲဖြစ်ပါတယ်။

Phil Denny

Source: Billboard

၂၀၁၈ခုနှစ် Billboard ရဲ့နံပါတ် ၂နေရာမှာရပ်တည်နေတဲ့ Jazz အဆိုတော်ကတော့ Phil Denny ပဲဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာထုတ်လုပ်ဖြန့်ချီခဲ့တဲ့ Align ဆိုတဲ့အယ်လ်ဘမ်နဲ့ဒုတိယလူကြိုက်အများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

Vincent Ingala

Source: New Daisy

Billboard ရဲ့နံပါတ် သုံးနေရာမှာကတော့ အမိုက်စားဆွဲဆောင်မှုတွေနဲ့ လူငယ်အဆိုတော် Vincent Ingala ပဲဖြစ်ပါတယ်။ Billboard စာရင်းဝင်တဲ့ အယ်လ်ဘမ်ကတော့၂၀၁၈ခုနှစ်၊ ဧပြီလထဲမှာ ထွက်ရှိထားတဲ့ Personal Touch ဆိုတဲ့ Album ပဲဖြစ်ပါတယ်။