ရုံးဆင်းချိန် သူငယ်ချင်းများနဲ့ ချိန်းဆိုပြီး ခပ်မိုက်မိုက် Bar တွေ၊ Club တွေကို သွားရောက် အပန်းဖြေခြင်းဟာ ယနေ့ခေတ်ရဲ့ ဆန်းသစ်တဲ့ အပန်းဖြေမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို Club တွေကို သွားရောက် ပျော်ပါး အနားယူတော့မယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ အချက်တွေကို အရင်ဆုံး လေ့လာသိရှိထားသင့်ပါတယ်။

Source : Shutterstock

Club သွားတော့မယ့် ကွီးတစ်ယောက်ဟာ ပုံမှန်ရုံးတက်နေကျစတိုင်လိုမျိုး မဟုတ်ပဲ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင် ဝတ်စုံမျိုးကို ရွေးချယ်ဝတ်ဆင်သွားသင့်ပါတယ်။ ကိုယ့်ရဲ့အဝတ်အစားစတိုင်ဟာ သွားရောက်တဲ့နေရာနဲ့ ကိုက်ညီမှုမရှိတဲ့အခါမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်နိုင်ပါတယ်။

Source : Shutterstock

အပေါင်းအသင်းများနဲ့ ပျော်ရွှင်ခြင်းဟာ ဖြစ်သင့်တဲ့ အနားယူခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အပျော်လွန်ပြီး အရက်သေစာများကို အများအပြားသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အရက်အမူးလွန်တဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Source : Shutterstock

တခါတလေမှာ အမူးလွန်သွားလို့ ဖြစ်စေ၊ ဒေါသမထိန်းနိုင်လို့ ဖြစ်စေ၊ ကိုယ့်သူငယ်ချင်းအချင်းချင်းကိုပဲ နားလည်မှုလွဲကာ ခိုက်ရန်ဖြစ်ပွားတတ်ပါတယ်။ ဒီလိုအဖြစ်မျိုး မဖြစ်ပွားအောင် သတိပြု ရှောင်ကြဉ်သင့်ပါတယ်။

Source : Shutterstock

ပါတီပွဲမှာ အပျော်လွန်ပြီး ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်တဲ့ အခြေအနေမျိုး မဖြစ်အောင် သတိပြုသင့်ပါတယ်။ အိမ်ကို အန္တရာယ်ကင်းစွာနဲ့ ချောချောမောမော ပြန်လည်ရောက်ရှိနိုင်ဖို့က အရေးကြီးတယ် မဟုတ်ပါလား။