ကိုယ်ခန္ဓာကျစ်လျစ်ပြီး တောင့်ဖြောင့်နေဖို့အတွက် Gym သွားဆော့တော့မယ်ဆိုရင် Gym မှာ ကြုံတွေ့ရမယ့် ပေါကောင်တွေအကြောင်းတော့ သိထားသင့်ပါတယ်။ ဒီလို ကြိုသိထားမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီလို ငပေါကောင်တွေ ကြုံတွေ့ရတဲ့အခါ ကိုယ်က ကြိုသိနေတဲ့အတွက် ရှောင်ရှားနေလို့ရပါတယ်။
ဒရမ်မာအရမ်းချိုးတဲ့ဘဲတွေ
Source: www.gag.fm
Gym မှာ ကြုံတွေ့ရမယ့် ပေါကောင်တွေထဲမှာ ဒရမ်မာချိုးတဲ့ဘဲတွေလည်းပါပါတယ်။ တကယ်လည်း Gym က အားကုန်ဆော့ရတာပါ။ ဒါပေမယ့် ဒီဘဲတွေကတော့ လုံးဝ အိုဗာကောင်တွေပါ။ တအီးအီး တအားအား နဲ့ အရမ်းကို အားတက်သရောဆော့နေပါတယ်ဆိုတဲ့ ပုံစံမျိုးတွေပါ။ သူတို့ကို မြင်တဲ့သူတွေတောင် ကြည့်ရင်း ပင်ပန်းရပါတယ်။
တစ်ယောက်တည်း အော်ဟစ်ဆူညံနေတဲ့ဘဲ
Source: www.popsugar.com
တစ်ယောက်တည်းကို အော်ဟစ်ဆူညံနေတဲ့ ဘဲတွေလည်းရှိပါတယ်။ ဒရမ်မာကောင်တွေက ရုပ်နဲ့နှိပ်စက်ပြီး သူတို့က အသံနဲ့နှိပ်စက်တာပါ။ အတော်ကို နားကလော်ချင်စရာဘဲတွေပါ။
ဗလမကြာခဏ ပြတဲ့ဘဲ
Source: www.getyourfit.com
Gym ဆော့တဲ့အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်က အရင်ကထက် ပိုတောင့်ဖြောင့်လာလို့ သဘောကျနှစ်ခြိုက်ကြတာကတော့ ဂျင်မ်ဆော့တဲ့သူတိုင်းလိုလိုပါပဲ။ ဒါပေမယ့် တချို့ကတော့ ပိုဆိုးပါတယ်။ ကိုယ်လုံးပေါ်မှန်ကြီးထဲမှာ မကြာခဏ ဗလပြတတ်ကြပါတယ်။ သူတို့ကိုယ် သူတို့ ပြန်ကြည့်တာတော့မဟုတ်ပါဘူး။ ကြွားဝါလိုတဲ့စိတ်နဲ့ သူများအာရုံကို ရအောင် ပြုလုပ်ကြတာဖြစ်ပါတယ်။
ဆရာအရမ်းလုပ်တဲ့ဘဲ
Source: www.nydailynews.com
တချို့ကျတော့ ဆရာအရမ်းလုပ်တာပါ။ မသိရင် သူကပဲ ဒီ Gym ရဲ့ Trainer ကြီးလိုပါပဲ။ ဟိုလိုမဟုတ်ဘူး ဒီလိုမဟုတ်ဘူး ဒီလိုလုပ်ရတာလေ ဆိုပြီး လျှောက်ပွားနေတတ်ကြပါတယ်။ တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်း နည်းစနစ်တကျ ဘယ်လိုဆော့ရတယ်ဆိုတာ မသိနားမလည်ပါဘူး။
စကားအရမ်းများတဲ့ဘဲ
Source: Attraction Institute
တချို့ဘဲတွေကတော့ ဆရာလုပ်တာမဟုတ်ဘဲ စကားစွတ်များနေတာပါ။ ပြောတဲ့စကားထဲမှာလည်း Gym နဲ့ သက်ဆိုင်တာ ဘာအကြောင်းမှ မပါပါဘူး။ အင်တာနက်အကြောင်း ကောင်မလေးတွေအကြောင်း ဟိုအကြောင်း ဒီအကြောင်း နားထောင်ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိ စွတ်ပြောနေတတ်ကြပါတယ်။
အားအားရှိ ဓာတ်ပုံရိုက်နေတဲ့ဘဲ
Source: www.pinterest.com
တချို့ ကျတော့ Gym လာဆော့တာလား၊ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံတင်ဖို့ ဓာတ်ပုံလာရိုက်တာလား မသဲကွဲပါဘူး။ ဆော့တာက နည်းနည်း ဓာတ်ပုံချည်း လှိမ့်ရိုက်နေတာက များများပါ။ သူ့ဘာသာသူ ဆယ်လ်ဖီရိုက်ရင်တော်ပါသေးရဲ့။ ဘေးလူကိုပါ သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ အကူအညီစွတ်တောင်းရင်တော့ ဘေးလူတွေပါ စိတ်အနှောင့်အယှက်ဖြစ်ရပါတော့တယ်။