ဗဟုသုတစုံတဲ့လူတစ်ယောက်ဖြစ်ဖို့ ကမ္ဘာအဝှမ်းမှာ ဖြစ်ပျက်နေသမျှကိုသိထားသင့်သလို ဖက်ရှင်လောကနဲ့ပတ်သက်ပြီး သိသင့်တဲ့ စတိုင် Rules တွေကိုလည်း လေ့လာနေဖို့လိုပါတယ်။ ဒါ့ကြောင့် အမျိုးသားများ လိုက်နာကျင့်သုံးသင့်တဲ့ Style Tips တွေကို ထပ်ပြီးဖော်ပြပေးလိုက်ပါတယ်။

Source: restartyourstyle.com

အဝတ်အစားတွေမဝယ်ခင် Fitting Room မှာတော်မတော် စမ်းဝတ်ကြည့်ပါ။ ဘာလို့လည်းဆိုတော့ ခါးဆိုဒ် Width နဲ့ အရှည် Length ဟာအမြဲကွက်တိဖြစ်ဖို့လိုအပ်လို့ပါ။ တကယ်လို့ သင်ဟာအရမ်းအရပ်ရှည်ပြီးပိန်တဲ့သူဆို သင့်အရပ်နဲ့ကိုက်မယ့်ရှည်တဲ့အရာတိုင်းကို ဝယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဝတဲ့သူတွေအတွက်သာ XXL တွေရှိပြီး အရပ်ရှည်တဲ့သူတွေ အတွက် Extra-Length ဆိုပြီး အင်္ကျီတွေ ဘောင်းဘီတွေကို သီးသန့် မထုတ်ပါဘူး။ ဆိုဒ်ကိုစိတ်ပူစရာမလိုတော့ရင်တော့ အရောင်နဲ့ပတ်သက်ပြီးပြောချင်ပါတယ်။

Source: kinowear.co

အမျိုးသားအများစုဟာ အနက်တို့ အပြာတို့ မီးခိုးရောင်တို့ ကြိုက်နှစ်သက်တယ်ဆိုတာသိပေမယ့် တစ်ခါတစ်လေကျအပြောင်းအလဲအဖြစ် Pop Color လေးတွေကိုတွဲဖက်ဝတ်ဆင်ကြည့်ပါ လူတွေရဲ့အမြင်ကိုဆန်းစေသလို ကိုယ့်အတွက်လည်း Fresh  ဖြစ်စေပါတယ်။ နောက်ပြီးဘာလုပ်လို့ရသေးလဲဆိုတော့ Prints ပါတဲ့အဝတ်အစားတွေကို ဗြောင်လေးတွေနဲ့တွဲမယ်ဆိုလည်း ရိုးရှင်ပြီးအမြင်ရိုင်းမှာမဟုတ်ပါဘူး။ သို့ပေမယ့်အမြဲ Classic ဖြစ်တဲ့ အဖြူ နဲ့ အနက်ရောင်ကိုတော့ဘယ် အရောင်နဲ့ဖြစ်ဖြစ်တွဲဝတ်လို့ရအောင် ဆောင်ထားသင့်ပါတယ်။

Source: theessentialman.com

အဝတ်အစားဝတ်ဆင်တဲ့အခါ Accessory ကိုလည်းဂရုစိုက်သင့်ပါတယ်။ အမျိုးသားတွေအတွက် အရေးကြီးဆုံး Accessory နှစ်မျိုး က နာရီ နဲ့ နေကာမျက်မှန်ပါပဲ။ နောကပြီး ခါးပတ်ကို ဖိနပ်အရောင်နဲ့ တွဲဖက်သလို Tie နဲ့ ခြေအိတ်တွေကို Colorful ဖြစ်အောင်စဉ်းစားပြီး ဝတ်ဆင်သင့်ပါတယ်။ Tie မှာ သတိထားသင့်တာက Tie ရဲ့ Main Color ကရှပ်အင်္ကျီအရောင်နဲ့ ဆန့်ကျင်ဖက်ဖြစ်သင့်ပြီး Secondary Color ကတော့ Match ဖြစ်ရပါမယ်။ ဒီအချက်လေးတွေအသေးအမွှားလေးတွေဖြစ်ပြီး တော်ရုံသတိမပြုဖြစ်တာများလို့ စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။