မကြာသေးခင်အချိန်က ဘောလုံးချစ်သူတို့ရဲ့ စိတ်နှလုံးကို ညိုးငယ်သွားစေမည့် အဖြစ်အပျက်တစ်ခုကို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကတော့ ဘာစီလိုနာအသင်းရဲ့ကစားသမား အင်ဒီယေစတာ အနားယူသွားတဲ့သတင်းပါ။ ဘောလုံးကစားရာမှာ သေသပ်လှတဲ့ဖန်တီးမှုတွေ၊ ဂိုးသွင်းယူမှုတွေနဲ့ မှော်ဆန်တဲ့ခြေစွမ်းတွေနဲ့ ဖော်ျဖြေနေတဲ့ အင်ဒီယေစတာ အနားယူသွားတဲ့သတင်းဟာအားလုံးကို ခံစားစေခဲ့ပါတယ်။ Genius ကြီးရဲ့ အကြောင်းလေးတွေကိုလည်း ဒီတစ်ပတ်မှာဖော်ပြပေးလိုက်ရပါတယ်နော်…

Source: wallpapercave.com

(၁) သူဟာ စပိန်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ရော၊ ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ရောကစားခဲ့ရပါတယ်။

(၂) သူဟာ ညာဘက်ကွင်းလယ်လူတစ်ယောက်အဖြစ်ရော၊ ဗဟိုကွင်းလယ်လူတစ်ယောက်အဖြစ်ရောကစားနိုင်ပါတယ်။ အသင်းဖော်မက်ဆီဂိုးသွင်းယူနိုင်ဖို့လည်း အကောင်းဆုံးသော ဖန်တီးမှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

(၃) သူဟာ ဘာစီလိုနာအသင်းရဲ့သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ (၂၀၀၉) ဘောလုံးရာသီမှာ အကောင်းဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ အဆိုပါရာသီမှာ ဘာစီလိုနာအသင်းဟာ တစ်ရာသီအတွင်း ဖလား (၆) ခုအထိရခဲ့တာဖြစ်ပါတယ်။

Source: wallpapercave.com

(၄) သူဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း (၅၉၁) ပွဲအထိကစားနိုင်ခဲ့ပြီး တတိယအများဆုံးပွဲကစားသူအဖြစ်မှတ်တမ်းတင်ထားပါတယ်။

(၅) စပိန်အသင်းကိုကမ္ဘာ့ဖလားရစေခဲ့တဲ့ (၂၀၁၀)  ခုနှစ် နယ်သာလန်အသင်းနဲ့ ဗိုလ်လုပွဲမှာလည်း အင်ဒီယေစတာဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

(၆) သူဟာ UEFA ရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ (၂၀၁၂) ခုနှစ်က ရရှိခဲ့ပါတယ်။

(၇) စပိန်လာလီဂါရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ (၂၀၀၉) ခုနှစ်က ရရှိခဲ့ပါတယ်။

Source: wallpapercave.com

(၈) (၂၀၁၄)  ခုနှစ်မှာတော့ သမိုင်းမှာ အကောင်းဆုံးGolden Foot Award ရရှိခဲ့တဲ့ (၁၂) ယောက်မြှောက်ကစားသမားဖြစ်ခဲ့ပါတယ်။

(၉) ဇနီးသည်ရဲ့နာမည်ကတော့ Anna Ortiz ဖြစ်ပြီး Valeria ဆိုတဲ့သမီးလေးတစ်ယောက်လည်းရှိပါတယ်။