ကွင်းလယ်လုပ်အားနှုန်းကောင်းကောင်းနဲ့ မန်ယူအသင်းမှာ (၂၆) နှစ်ကြာကစားခဲ့တဲ့ ဂစ်အကြောင်းပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်။ သူရဲ့ကစားသမားဘ၀အစကို အဲဗာတန်နဲ့ပွဲစဉ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ပြီး ဖလားများစွာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: mirror.co.uk
(၁) သူဟာ ဆုဖလားပေါင်း (၃၄) ခုကို ရရှိခဲ့တယ်။
(၂) သူဟာ ပရီးမီးယားလိဂ်မှာ (၇၉၃၄) ရက်လောက်အထိကစားခဲ့ပါတယ်။
Source: mirror.co.uk
(၃) သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုပေါင်း (၁၆၂) ခါအထိလုပ်လုပ်ခဲ့ပါတယ်။
(၄) ယခုလက်ရှိ မန်ယူအသင်းရဲ့နောက်ခံလူ ဖီးဂျုံးဟာ ဂစ်ဘောလုံးစကစားတဲ့အချိန်ကဆို မွေးတောင်မမွေးသေးပါဘူး။
(၅) ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၆၃၂) ပွဲအထိကစားခဲ့တာဖြစ်ပါတယ်။
(၆) ပရီးမီးယားလိဂ်ရဲ့ မြက်ခင်ပြင်တွေပေါ်မှာ (၄၆၃၄၄) မိနစ်လောက်အထိ ဘောလုံကန်ခဲ့ဖူးတာဖြစ်ပါတယ်။
Source: mirror.co.uk
(၇) သူရဲ့အမြန်ဆုံးဂိုလ်ကိုတော့ (၁၅) စက္ကန့်နဲ့ ဆောက်သမ်တန်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ခုနှစ်ကတော့ ၁၉၉၅ ခုနှစ်ကပါ။
(၈) သူဟာ ချန်ပီယံလိဂ်မှ ပွဲ (၁၅၁) ပွဲအထိကစားခဲ့ရပါတယ်။
Source: mirror.co.uk
(၉) သူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးလူငယ်ကစားဆုကို နှစ်နှစ်တိုင်တိုင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
(၁၀) သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲပေါင်း (၁၉) ခါအထိကစားဖူးတဲ့တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။