ညီအစ်ကိုတို့ရေ ဂရင်းအမည်းကို ညီအစ်ကိုတို့ရဲ့ မြင်ကွင်းမှာ အမြဲတမ်းမြင်နေရတော့ ပြောင်းသောက်ချင်စိတ်တွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဂရင်း အမည်းကို အားပေးနေကြဖြစ်တဲ့ ညီအကို များလည်းသိပြီးဖြစ်မှာပါ ပုလင်းဒီဇိုင်းတွေ ဆန်းသစ်ရုံတင်မကပါဘူး။ အစဉ်အားပေးနေကြဖြစ်တဲ့ ညီအစ်ကိုတို့ အသုံးပြုလိုရအောင် Grand Royal Black တံဆိပ်ပါတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေကိုလည်း ပေးနေပါတယ်။

တစ်နေကုန်အလုပ်တွေနဲ့ ပင်ပန်းလို့အနားယူတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အောင်ပွဲခံတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် ညီအစ်ကိုတို့နဲ့အတူရှိနေ ဂရင်းအမည်းပါပဲ။ ဒီလိုအမြဲ သစ္စာရှိစွာ ဂရင်းကိုအားပေးနေသူများကို တစ်ဖန်ကျေးဇူးပြုတဲ့အနေနဲ့ ပျော်ရွှင်စရာများကို ဖန်တီးပေးနိုင်ဖို့ ရည်ရွှယ်ပြီး အဖုံးထဲမှာ ကံစမ်းမဲတွေကိုလည်း ထည့်သွင်းပေးနေတာပဲ ဖြစ်ပါတယ်။

ကဲ လက်ဆောင်လည်းရ အဖုံးတွင်းကံစမ်းမဲလည်းပါဆိုတော့ ဘာလိုသေးလဲ။ ဒီဇိုင်းပုံစံတွေဘယ်လိုပဲဆန်းသစ်သွားပေမယ့် ညီအစ်ကိုတို့ရဲ့ရင်ထဲမှာ ကျောက်ထက်အက္ခရာလိုစွဲနေတဲ့ ဂရင်းအမည်းရဲ့ မူလအရသာကတော့ လန်းဆဲဖြစ်သလို လက်ဆောင်ပစ္စည်းနဲ့ ကံစမ်းမဲတွေကိုလည်း ရှယ်ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေပိုင်ဆိုင်ထားတဲ့ ညီအစ်ကိုတို့အတွက် GrandRoyal Blackကထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံအသစ်နဲ့မပြောင်းလဲတဲ့ အရည်အသွေး ရနံ့အရသာကို မြည်းစမ်းကြည့်ကာ လက်ဆောင်ပစ္စည်းများကိုပိုင်ဆိုရင်း ကံထူးဖို့လည်း ရင်ခုန်နေပြီ ဖြစ်မှာပါ။

ညီအစ်ကိုတို့ရေ ဂရင်းအမည်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ လက်ဆောင်ပစ္စည်းတွေရရှိမယ့် အစီအစဉ်လေးကြောင့် ကိုယ့်ဘေးက သူငယ်ချင်းတွေကို Grand Royal Black ကို ပြောင်းသောက်ဖို့ လက်တို့လိုက် ကြပါအုံး။