ပရီးမီးယားလိဂ်ဆိုတာက အခြားသောလိဂ်တွေနဲ့မတူညီဘဲ ပြေးအား၊ တိုးအားကို အခြေခံပြီး ယှဉ်ပြိုင်ရတဲ့ဒေသပါ။ ပရီးမီးယားလိဂ်ရဲ့ ဖြတ်ထုတ်ပုံ၊ ကစားပုံကလည်း ကြမ်းတမ်းလွန်းလှပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ဖို့ဆိုတာက ခက်ခဲလှပါတယ်။

ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြပြီး ဂိုးအများအပြားသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးတွေလည်းရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးသုံးယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Alan Shearer

Source: GiveMeSport

သူ့နာမည်ကိုတော့ ရင်းနှီးနေမယ်ထင်ပါတယ်။ ယခုနောင်သားတွေ မမြင်ဖူးကြတော့ပေမယ့် ဘောလုံးပွဲကို ငယ်စဉ်ကတည်းက ကြည့်ရှုဖူးသူတွေကတော့ Alan Shearer ကို သိမှာပါ။ သူဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။ ပါးနပ်တဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ကမ္ဘာအကောင်းဆုံး ဂိုးထုဆစ်သူအဖြစ် နာမည်ကြီးလှပါတယ်။

Alan Shearer ဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၆၀) ထိသွင်းယူပေးထားနိုင်ခဲ့ပြီး ဘလက်ဘန်း၊ နယူးကားဆယ်အသင်းတို့တွင် ကစားသမားဘဝကိုဖြတ်သန်းခဲ့တာပါ။

(၂) Andy Cole

Source: goal.com

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ သူဟာ ဖာဂူဆန်လက်အောက်မှာကစားရင်း ဆုဖလားမျိုးစုံနှင့်ရင်းနှီးခဲ့ပါတယ်။ ဂိုးလာဘ်ကောင်းလွန်းတဲ့သူဟာ တစ်ခေတ်တစ်ခါက ယူနိုက်တက်ရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့ပါတယ်။ သူဟာ နယူးကာဆယ်၊ ဘလက်ဘန်း၊ ဖူဟမ်၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ပိုစ်စမောက်အသင်းတို့တွင် ကစားခဲ့ပါတယ်။

မန်ယူအသင်းတွင်တော့ အအောင်မြင်ဆုံးပါ။ ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း (၁၈၇) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယဂိုးသွင်းအများဆုံးတိုက်စစ်မှူးပါ။

(၃) ရွန်းနီ

Source: www.sportyghost.com

ယခုလက်ရှိတွင် အဲဗာတန်အသင်းတွင်ကစားနေတဲ့ ရွန်းနီကတော့ ပရီးမီးယားလိဂ်သွင်းဂိုး (၁၈၄) ဂိုးနဲ့ တတိယနေရာမှရပ်တည်နေပါတယ်။ ရွန်းနီဟာ ယူနိုက်တက်ရဲ့ကြယ်ပွင့်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ဘောလုံးလောကတွင် ကျင်လည်ဆဲမို့ အထက်ပါလူတွေရဲ့စံချိန်ကိုတောင်ချိုးသွားနိုင်ပါတယ်။