နောက်ခံကစားသမားဆိုတာ အသင်းတိုင်းမှာ အရေးကြီးတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကဇာတ်ခုံမှာ နောက်ခံကစားသမားတွေ အောင်မြင်ခဲ့ကြပါတယ်။ ယခုထက်တိုင်းလည်း နောက်ခံကစားသမားတွေရဲ့ အရေးပါပုံက တွင်ကျန်ရစ်နေတုန်းပဲဖြစ်ပါတယ်။

(၁) ဗီဒစ်

Source: Quora

မန်ယူယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း၊  ဆားဘီးယားနောက်ခံကစားသမားဟောင်း ဗီဒစ်ဟာ ယခုစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။  သူရဲ့ဖြတ်ထုတ်ပုံတွေက သေသပ်ပြီး နောက်တန်းတစ်ယောက်ရဲ့နေရာမှာအကောင်းဆုံးကစားနိုင်တာဖြစ်ပါတယ်။ ဘောလုံးစွမ်းရည်မြင့်မားပြီး နောက်တန်းတစ်ယောက်ရဲ့ ဂုဏ်အလုံးစုံကိုပိုင်ဆိုင်တာဖြစ်ပါတယ်။ မန်ယူအသင်းမှာတော့ သူရဲ့ပါတနာ ဖာဒီနန်နဲ့တွဲပြီး အကောင်းဆုံးတွေကိုလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

(၂) Fabio Cannavaro

နောက်တန်းကစားသမားတွေထဲမှာ Balon’ dor ဆုကိုပိုင်ဆိုင်တဲ့သူက မရှိသလောက်ရှားပါတယ်။ နောက်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ Cannavaro ကတော့ အဆိုပါဆုကို ရယူနိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးထဲက ဘောလုံးကစားခြင်းကို ၀ါသနာပါခဲ့ပြီး ပထမမှာတော့ ကွင်းလယ်နေရာကနေ ကစားခဲ့ရတာပါ။ နောက်ပိုင်းကျမှသာ နောက်တန်းနေရာကိုရာက်ရှိခဲ့ပါတယ်။ ကြံခိုင်မှုကို ဦးစားပေးလွန်းပြီး ဖြတ်ထုတ်ပုံတွေကောင်းမွန်တာကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ နာပိုလီ၊ ပါးမာ၊ ဂျုဗင်တပ်စ်၊ ရီးရဲလ်အသင်းတို့မှာကစားခဲ့ပါတယ်။ သူဟာ ကမ္ဘာ့သမိုင်းရဲ့စာမျက်နှာတွေပေါ်မှာတော့ အကောင်းဆုံးနောက်တန်းကစားသမားတစ်ယောက်ပါ။

(၃) Alessandri Nesta

Source: Quora

ရိုးမားအသင်းရဲ့ထုတ်ကုတ်တစ်ခုဖြစ်ခဲ့တဲ့ Nesta ဟာလည်း ကမ္ဘာ့အကောင်းဆုံးခံစစ်မှာ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်တွေမြန်လွန်ပြီး၊ ဦးဆောင်နိုင်စွမ်းရှိတဲ့သူဟာ အီတလီမှာ ထင်ရှားကျော်ကြားခဲ့ပါတယ်။ အေစီမီလန်နဲ့အတူ ချန်ပီယံလိဂ်နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပြီးရွေလမ်းတွေခင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့်တော့ အီတလီကမ္ဘာ့ဖလားရတဲ့ လူစာရင်းမှာမပါဝင်ခဲ့ပါဘူး။

တယ်ရီ၊ Puyol အစရှိတဲ့ကစားသမားတွေဟာလည်း ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေဖြစ်ခဲ့ပါတယ်။