စစ်မှန်တဲ့ ယောကျ်ားတိုင်းရဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှု ၊ အောင်မြင်မှု၊ ဆုံးရှုးမှုတွေကို ကျော်လွှားနိုင်ဖို့ ဂရင်းအမည်းဟာ မိတ်ဆွေတို့နဲ့အမြဲအတူရှိပေးနေသလို မြို့မှာတင်မဟုတ်ပဲ နယ်အသီးသီးမှာလည်း ဂရင်းအမည်းဟာ ညီအစ်ကိုတို့ရဲ့ရင်ထဲမှာ နေရာယူထားတာကို တွေ့ရပါတယ်။

မည်ကဲ့သို့ အပေါ်ယံပုံစံဒီဇိုင်းတွေ ဆန်းသစ်သွားပေမယ့် ရင်ထဲက အရသာက နဂိုအတိုင်း ညီအစ်ကိုတို့အပေါ်မှာ သစ္စာရှိမြဲပါပဲ။ ဒီလို ဆန်းသစ်မှုတွေအပြင် အစဉ်အားပေးကြတဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ညီအစ်ကိုတို့အတွက် အမှတ်တရ လက်ဆောင်ပစ္စည်း၊ အဖုံးတွင်းကံစမ်းမဲတွေအပြင် နယ်ဖက်တွေမှာလည်း ဖျော်ဖြေရေးအစီအစဉ်များကို အစဉ်မပြတ် ပြုလုပ်ပေးနေကြပဲ ဖြစ်ပါတယ်။

ဂရင်းအမည်းကိုသောက်ရင်း ပျော်ရွှင်မှုတွေကို ခံစားနိုင်ဖို့အတွက် ဘယ်လိုအစီအစဉ်ကို ပြုလုပ်ပေးမလဲဆိုတော့ မော်လမြိုင်မြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိကြတဲ့ ညီအစ်ကိုများ အတွက် ပျော်ရွှင် စိတ်လှုပ်ရှားစရာ အစီအစဉ်တွေနဲ့ ညီအစ်ကိုတို့ဆီကို အရောက်လာမယ်ဆိုရင်ကော ကြိုဆိုကြဖို့ အသင့်ပဲလားဗျ။ အောက်တိုဘာ (၂၀) ရက်နေ့ကစပြီး မော်လမြိုင်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာငယ်လေးတွေမှာ ဂရင်းအမည်းက ပျော်ရွှင်စရာ ကစားနည်းတွေ ကစားရင်း ပိတ်ကားကြီးပေါ်မှာ ရုပ်ရှင်ကြည့်ဖို့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဂိမ်းကစားနည်းတွေကို ကစားကြတဲ့ ညီအစ်ကိုတို့ကို လိုချင်စရာကောင်းတဲ့ လက်ဆောင်ပစ္စည်းတွေပေးသွားမှာဆိုတော့ ဂရင်းအမည်းနဲ့ အတူတူဆုံကြဖို့ ရင်ခုန်ကြမယ်လို့လည်းမျှော်လင့်ပါတယ်။ မြို့ပြတွေမှာလို Entertainment အများကြီးမရှိတဲ့ နယ်အသီးသီးတွေအထိ စိတ်လှုပ်ရှားစရာ အစီအစဉ်ကို ဖန်တီးပေးသွားမယ့် ဂရင်းအမည်းဟာ အစဉ်အဆက်အားပေးသောက်သုံးနေတဲ့ နယ်ဝေးမှ ညီအစ်ကိုတို့နဲ့အတူ ပျေ်ာရွင်စရာတွေကို လာရောက်ဝေမျှဖို့ အဓိကရည်ရွယ်ပြီး ရုပ်ရှင်ပွဲတော်ကို ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ထူခြားတဲ့အစီအစဉ်တွေကို ဖန်တီးပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

ကဲ စိတ်လှုပ်ရှားနေပြီးဆိုရင်တော့ မော်လမြိုင်က ညီအစ်ကိုတို့ကို အချင်းချင်းလက်တို့ပြီး အသိပေးလိုက်ဦးနော်။