

Grand Royal Black Whisky ဟာဆိုရင် Grand Royal ထုတ်တဲ့ စွဲမက်ဖွယ် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝီစကီတစ် မျိုး ဖြစ်ပါတယ်။ သန့်စင်တဲ့ ရေ ၊ ပြင်းရှရှ အရက်တို့ အချိုးအစားကျကျ ပေါင်းစပ်ပါဝင်ပြီး သစ်သားနံ့ ၊ ချိုမြမြ အရသာနဲ့အတူ မီးခိုးနံ့ ခပ်သင်းသင်း ရစေမယ့် စွဲမက်စရာ ပယင်းအရောင်ဝီစကီ ဖြစ်ပါတယ်။ ဝီစကီ တစ်ငုံ သောက် လိုက်တာနဲ့ ပြင်းရှတဲ့ အရသာ အထိအတွေ့ကို ခံစားရရှိမှာဖြစ်ပြီး သစ်သားနံ့ ၊ မီးခိုးနံ့နဲ့ ယစ်မူးချိုမြိန်တဲ့ အရသာ ရဲ့ အဆုံးမှာ ခါးသက်သက် အရသာလေးပါ ရောယှက်စီးဝင်သွားတဲ့ ထူးခြားပြည့်စုံတဲ့ ဝီစကီရဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။