ညီအစ်ကိုတို့ရဲ့ အားပေးမှုကို အခိုင်အမာရယူထားတဲ့ Grand Royal Smooth ဝီစကီရဲ့ အဖုံးတွင်း ငွေသားကံစမ်းမဲအစီအစဉ်အကြောင်းကိုသိပြီးကြပြီလား။

ဘောဒါတွေနဲ့အောင်ပွဲခံရင်းပဲဖြစ်ဖြစ် သူငယ်တွေစုပြီးသောက်ကြတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် ညီအစ်ကိုတို့ရဲ့ ပျော်စရာအချိန်တိုင်းမှာ Grand Royal Smooth က အမြဲအတူရှိနေမှာပါ။ Smooth ကို အမြဲ သစ္စာရှိစွာ အားပေးနေတဲ့ ယောင်းရင်းများကို တစ်ဖန်ကျေးဇူးပြုဖို့ ရည်ရွှယ်ပြီး အဖုံးထဲမှာ ကံစမ်းမဲတွေကို ထည့်သွင်းပေးနေတာပဲ ဖြစ်ပါတယ်။ဆုတွေကို အရင်ပြောပြချင်ပါ ဆုကြီးများအနေနဲ့ မော်တော်ဆိုက်ကယ် ၊ Mountain စက်ဘီး ၊ ကင်မရာ၊ လက်ပတော့တွေအပြင် အခြားသောငွေသားစုမဲပေါင်းများစွာကိုလည်း ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

အပေါင်းအသင်းရောင်းရင်းတို့ရေ သူများတွေ Grand Royal Smooth သောက်ပြီး အဖုံးတွင်းငွေသားကံစမ်းမဲတွေ တပေါက်ထဲပေါက်နေကြတဲ့အချိန်မှာ နောက်ကောက်ကျ မကျန်ခဲ့ရလေအောင် အခုသောက် အခုပေါက် အဖုံတွင်းကံစမ်းမဲ အစီအစဉ်ကြီးမှာ ပေးသမျှဆုတွေ လက်မလွတ်ရလေအောင် အခုပဲနီးစပ်ရာ ဆိုင်မှာ ကံစမ်းမဲကာလအတွင်း Grand Royal Smooth တွေ များများဝယ်ယူရင်း ကံထူးရှင်ဖြစ်ဖို့ အခွင့်အလမ်းတွေကို အရယူလိုက်ပါ။

ဒီဇိုင်းပုံစံတွေဘယ်လိုပဲဆန်းသစ်သွားပေမယ့် ညီအစ်ကိုတို့ရဲ့ရင်ထဲမှာစွဲနေတဲ့ Smooth ဖြစ်တဲ့ မူလအရသာကတော့ မပြောင်းလဲသွားပါဘူး။ လူငယ်ပီပီ ဘဝကိုပေါ့ပါးလွတ်လပ်စွာ ဖြတ်သန်းရင်း ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံအသစ်နဲ့ မပြောင်းလဲတဲ့ အရည်အသွေး ရနံ့အရသာကို  မြည်းစမ်းပြီး အဖုံတွင်းမှာပါတဲ့ ကံစမ်းမဲနဲ့ ကံထူးဖို့ကို ရင်ခုန်နေပြီ ဖြစ်မှာပါ။Smooth ကိုကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Smooth ရဲ့အဖုံးတွင်းကံစမ်းမဲအစီအစဉ်စတင်နေပါပြီ။ ဆုမဲတွေကလည်းအမိုက်စားပဲမို့လို့ အချိန်မလင့်ခင် မြန်မြန်ကံစမ်းနိုင်ဖို့အတွက် နေ့တိုင်းသောက် နေ့တိုင်းပေါက်မယ့် အဖုံးတွင်းကံစမ်းမဲ အစီအစဉ်ကြီးမှာ အခုပဲကံထူးရှင်ဖြစ်အောင် Grand Royal Smooth ကို ပြေးဝယ်လိုက်ပါ။