[Zawgyi]

တခ်ိဳ႕ရုပ္ရွင္ေတြက တခါႀကည္႔ျပီးရံုနဲ႔ မဝဘဲ ထပ္ခါထပ္ခါ ျပန္ႀကည္႔ခ်င္တဲ႔ စိတ္ေတြေပၚလာေစတဲ႔အထိ ေကာင္းမြန္ႀကတယ္။ ဒီရုပ္ရွင္ေတြက မႈးယစ္ေဆးနဲ႔ နိႈင္းယွဥ္လို႔ေတာင္ရပါတယ္။

ဒီလိုရုပ္ရွင္မ်ိဳးေတြက လူသန္းေပါင္းမ်ားစြာရဲ႕ရင္ကိုကိုင္လႈပ္နိူင္တဲ႔အထိ ေျပာင္ေျမာက္လွပါတယ္။

ဒီေန႔ kwee page ကေနျပီးေတာ႔ ပရိသတ္ေတြရင္ထဲကို ေရာက္ေစမဲ႔ ဇာတ္ကားေကာင္းေလးေတြ ညႊန္ေပးလုိက္ပါတယ္။

(၁) Peaceful Warrior

ဒီဇာတ္ကားေလးကေတာ႔ ကၽြမ္းဘားသမား တေယာက္အေၾကာင္းရိုက္ျပထားတာပါ။ တကယ္႔အျဖစ္အပ်က္ကို အေျခခံျပီးရိုက္ကူးထားေပမဲ႔ စိတ္ကူးယဥ္ဆန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဇာတ္ကားရဲ႕ dialogues ေတြက အေတြးအေခၚပိုင္း ဆန္ပါတယ္။

(၂) Knockin’ on Heaven’s Door

ဇာတ္လမ္းေလးကေတာ႔ ကုသလို႔မရတဲ႔ ေရာဂါသည္ သူငယ္ခ်င္းနွစ္ေယာက္ အေႀကာင္း ရိုက္ကူးထားတာပါ။ဒီကားေလးကိုႀကည္႔ျပီးသြားရင္ ရင္ထဲမွာ တခုခုက်န္ေနခဲ႔မွာပါ။

(၃) Inside I’m Dancing

ဒီကားရဲ႕အဓိက ဇာတ္ေကာင္ေတြကေတာ႔ ဝီွးခ်ဲေပၚက လူေတြပါ။ သူတို႔ေတြက တျခားသူေတြထက္ အေကာင္းျမင္စိတ္ရွိတဲ႔သူေတြပါ။
သူတို႔ဟာ ေလျဖတ္ထားေပမဲ႔ ဘဝကို ဘယ္လို ေပ်ာ္ရႊင္စြာျဖတ္သန္းလဲ၊ အားနည္းခ်က္ေတြကို ဘယ္လိုရင္ဆိုင္မလဲ ဆိုတာေတြကို ဒီဇာတ္ကားမွာေတြ႔ရမွာပါ။ ဒီကားေလးက ဝမ္းနည္းမႈ ေပ်ာ္ရႊင္ရယ္ေမာမႈ စတဲ႔ ရသေတြကို ေပးႏိုင္စြမ္းရွိတဲ႔ ကားေလးပါ။

(၄) Forrest Gump

ဒီကားေလးက ပရိသတ္ေတာ္ေတာ္မ်ားမ်ားနဲ႔ ရင္းနွီးျပီးသား ဇာတ္ကားေလးပါ။ ၁၉၉၄ မွာထြက္ရွိခဲ႔ျပီး Robert Zemeckis က ရိုက္ကူးခဲ႔တာပါ။ အခ်ိန္ေတြၾကာသြားေပမဲ႔ ေကာင္းေနဆဲ ျဖစ္တဲ႔ ကားေလးပါ။ဥာဏ္ရည္မမီတဲ႔ လူတေယာက္ ဘဝအခတ္အခဲေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ခဲ႔ရလဲဆိုတာကို အေကာင္းဆံုးရိုက္ျပထားတဲ႔ ကားေလးပါ။

(၅) The Secret Life of Walter Mitty

၂၀၁၃ ခုနွစ္မွာ စတင္ျပသခဲ႔တာျဖစ္ျပီး Drama/Fantasy ဇာတ္ကားပါ။ ဒီကားကေတာ႔ အရွံဳးသမားတေယာက္ရဲ႕ စြန္႔စားခန္းဖြင္႔ပံုကို ရုိက္ကူးထားတာပါ။ ဒီကားမွာ သူမ်ားတကာကို တုပျပီးမေနဖို႔၊ တခုခုေျပာင္းလဲရမွာမေႀကာက္ဖို႔ နဲ႔ လြတ္လပ္ေပါ႔ပါးစြာေနထုိင္ဖို႔ စတဲ႔မက္ေဆ႔ေလးေတြ ေပးထားပါတယ္။ဇာတ္ကားရဲ႕အစပိုင္းကိုေတာ႔ ေလးေလးပင္ပင္နဲ႔ စထားေပမဲ႔ ႀကည္႔ရင္းႀကည္႔ရင္း ကိုယ္တိုင္ ဇာတ္ကားထဲေရာက္ေနသလိုမ်ိဳးခံစားရေစတဲ႔ ဇာတ္ကားေကာင္းတကားပါ။

(၆) The Curious Case of Benjamin Button

ဒီကားကေတာ႔ ၂၀၀၈ ခုနွစ္ကထြက္ရွိခဲ႔တာျဖစ္ျပီး ဒီဇာတ္ကားကို ၾကည္႔ရတာက စာအုပ္ေကာင္းတအုပ္ကို ထိုင္ျပီးဖတ္ေနရတာနဲ႔ တူပါတယ္။
အလြန္စိတ္ဝင္စားဖြယ္ေကာင္းျပီး ဇာတ္ကားအျပီးထိ ဆြဲေခၚသြားနိူင္စြမ္းရွိတဲ႔ ရုပ္ရွင္မ်ိဳးပါ။ သင္ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ဇာတ္ကားအဆံုးထိ ၾကည္႔ျပီးရင္ေတာ႔ သင္႔စိတ္ထဲမွာ တခုခုက်န္ေနခဲ႔မဲ႔ ဇာတ္ကားမ်ိဳးပါ။

(၇) The King’s Speech

ဒီဇာတ္ကားကေတာ႔ Oscars ၄ ဆုအထိရထားတဲ႔ ကားေကာင္းတကားပါ။ ဇာတ္ကားနာမည္က ရိုးရွင္းေပမဲ႔ အဓိက မင္းသား Albert ရင္ဆိုင္ခဲ႔ရတဲ႔ ျပသာနာေတြက ရႈပ္ေထြးလွပါတယ္။
ဒီကားမွာေတာ႔ လူအမ်ားေရွ႕မွာစကားေျပာဖို႔ အခတ္အခဲ ရွိတဲ႔ အနာဂတ္ ျဗိတိသွ် ဘုရင္ျဖစ္လာမဲ႔ Albert တေယာက္ သူ႔အခတ္အခဲေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္မလဲ ဆိုတာကို ႀကည္႔ရႈ႕ရမွာပါ။
ဒီကားရဲ႕မက္ေဆ႔ ေလးကေတာ႔ မိမိကိုယ္ကို ယံုၾကည္မႈ ရွိဖို႔လိုအပ္တယ္ဆိုတာပဲ ျဖစ္ပါတယ္။

(၈) Hachi: A Dog’s Tale

ဒီကားေလးကေတာ႔ ၂၀၀၉ ခုနွစ္မွာ ထြက္ရွိခဲ႔တာျဖစ္ျပီး ၁၉၈၇ ခုနွစ္မွာ ထြက္ရွိခဲ႔တဲ႔ ဂ်ပန္ဇာတ္ကားကို ျပန္လည္ရိုက္ကူးထားတာပါ။

ေကာလိပ္ေက်ာင္းဆရာ တဦးနဲ႔ စြန္႔ပစ္ခံထားရတဲ႔ ေခြးေလးတေကာင္တို႔ရဲ႕ သံေယာဇဥ္ ကိုပံုေဖာ္ရိုက္ကူးထားတဲ႔ ဇာတ္ကားေလးပါ။ ဒီဇာတ္ကားေလးကို ႀကည္႔ျဖစ္ေအာင္ႀကည္႔ဖို႔ တိုက္တြန္းပါရေစ။

Source: Bright Side

[Unicode]

တချို့ရုပ်ရှင်တွေက တခါကြည့်ပြီးရုံနဲ့ မဝဘဲ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်တဲ့ စိတ်တွေပေါ်လာစေတဲ့အထိ ကောင်းမွန်ကြတယ်။ ဒီရုပ်ရှင်တွေက မှုးယစ်ဆေးနဲ့ နှိုင်းယှဉ်လို့တောင်ရပါတယ်။

ဒီလိုရုပ်ရှင်မျိုးတွေက လူသန်းပေါင်းများစွာရဲ့ရင်ကိုကိုင်လှုပ်နိူင်တဲ့အထိ ပြောင်မြောက်လှပါတယ်။

ဒီနေ့ kwee page ကနေပြီးတော့ ပရိသတ်တွေရင်ထဲကို ရောက်စေမဲ့ ဇာတ်ကားကောင်းလေးတွေ ညွှန်ပေးလိုက်ပါတယ်။

(၁) Peaceful Warrior

ဒီဇာတ်ကားလေးကတော့ ကျွမ်းဘားသမား တယောက်အကြောင်းရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားပေမဲ့ စိတ်ကူးယဉ်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ဇာတ်ကားရဲ့ dialogues တွေက အတွေးအခေါ်ပိုင်း ဆန်ပါတယ်။

(၂) Knockin’ on Heaven’s Door

ဇာတ်လမ်းလေးကတော့ ကုသလို့မရတဲ့ ရောဂါသည် သူငယ်ချင်းနှစ်ယောက် အကြောင်း ရိုက်ကူးထားတာပါ။ဒီကားလေးကိုကြည့်ပြီးသွားရင် ရင်ထဲမှာ တခုခုကျန်နေခဲ့မှာပါ။

(၃) Inside I’m Dancing

ဒီကားရဲ့အဓိက ဇာတ်ကောင်တွေကတော့ ဝှီးချဲပေါ်က လူတွေပါ။ သူတို့တွေက တခြားသူတွေထက် အကောင်းမြင်စိတ်ရှိတဲ့သူတွေပါ။
သူတို့ဟာ လေဖြတ်ထားပေမဲ့ ဘဝကို ဘယ်လို ပျော်ရွှင်စွာဖြတ်သန်းလဲ၊ အားနည်းချက်တွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာတွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဒီကားလေးက ဝမ်းနည်းမှု ပျော်ရွှင်ရယ်မောမှု စတဲ့ ရသတွေကို ပေးနိုင်စွမ်းရှိတဲ့ ကားလေးပါ။

(၄) Forrest Gump

ဒီကားလေးက ပရိသတ်တော်တော်များများနဲ့ ရင်းနှီးပြီးသား ဇာတ်ကားလေးပါ။ ၁၉၉၄ မှာထွက်ရှိခဲ့ပြီး Robert Zemeckis က ရိုက်ကူးခဲ့တာပါ။ အချိန်တွေကြာသွားပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့ ကားလေးပါ။ဉာဏ်ရည်မမီတဲ့ လူတယောက် ဘဝအခတ်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲဆိုတာကို အကောင်းဆုံးရိုက်ပြထားတဲ့ ကားလေးပါ။

(၅) The Secret Life of Walter Mitty

၂၀၁၃ ခုနှစ်မှာ စတင်ပြသခဲ့တာဖြစ်ပြီး Drama/Fantasy ဇာတ်ကားပါ။ ဒီကားကတော့ အရှုံးသမားတယောက်ရဲ့ စွန့်စားခန်းဖွင့်ပုံကို ရိုက်ကူးထားတာပါ။ ဒီကားမှာ သူများတကာကို တုပပြီးမနေဖို့၊ တခုခုပြောင်းလဲရမှာမကြောက်ဖို့ နဲ့ လွတ်လပ်ပေါ့ပါးစွာနေထိုင်ဖို့ စတဲ့မက်ဆေ့လေးတွေ ပေးထားပါတယ်။ဇာတ်ကားရဲ့အစပိုင်းကိုတော့ လေးလေးပင်ပင်နဲ့ စထားပေမဲ့ ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင် ဇာတ်ကားထဲရောက်နေသလိုမျိုးခံစားရစေတဲ့ ဇာတ်ကားကောင်းတကားပါ။

(၆) The Curious Case of Benjamin Button

ဒီကားကတော့ ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး ဒီဇာတ်ကားကို ကြည့်ရတာက စာအုပ်ကောင်းတအုပ်ကို ထိုင်ပြီးဖတ်နေရတာနဲ့ တူပါတယ်။
အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ဇာတ်ကားအပြီးထိ ဆွဲခေါ်သွားနိူင်စွမ်းရှိတဲ့ ရုပ်ရှင်မျိုးပါ။ သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဇာတ်ကားအဆုံးထိ ကြည့်ပြီးရင်တော့ သင့်စိတ်ထဲမှာ တခုခုကျန်နေခဲ့မဲ့ ဇာတ်ကားမျိုးပါ။

(၇) The King’s Speech

ဒီဇာတ်ကားကတော့ Oscars ၄ ဆုအထိရထားတဲ့ ကားကောင်းတကားပါ။ ဇာတ်ကားနာမည်က ရိုးရှင်းပေမဲ့ အဓိက မင်းသား Albert ရင်ဆိုင်ခဲ့ရတဲ့ ပြသာနာတွေက ရှုပ်ထွေးလှပါတယ်။
ဒီကားမှာတော့ လူအများရှေ့မှာစကားပြောဖို့ အခတ်အခဲ ရှိတဲ့ အနာဂတ် ဗြိတိသျှ ဘုရင်ဖြစ်လာမဲ့ Albert တယောက် သူ့အခတ်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို ကြည့်ရှု့ရမှာပါ။
ဒီကားရဲ့မက်ဆေ့ လေးကတော့ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(၈) Hachi: A Dog’s Tale

ဒီကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျပန်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာပါ။

ကောလိပ်ကျောင်းဆရာ တဦးနဲ့ စွန့်ပစ်ခံထားရတဲ့ ခွေးလေးတကောင်တို့ရဲ့ သံယောဇဉ် ကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Source: Bright Side