အိမ်သာမှဧည့်လာတယ်ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ကိုယ့်အိမ်ကသာယာစိုပြေပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းမှ ဧည့်ကောင်းဆောင်ကောင်းတွေက လာရောက်ကြမှာဖြစ်ပါတယ်။ ဧည့်သည်ကတခါတလေ စကားစမြည်ပြောရုံလောက်သာ လည်ပတ်တတ်ပေမယ့် တခါတရံမှာ ညအိပ်ညနေလာရောက်လည်ပတ်တတ်ပါတယ်။ ဒါဆိုအိမ်မှာ ရွှေဧည့်သည်တွေအတွက် ဘာတွေပြင်ဆင်ထားကြမလဲ။

ဧည့်သည်အတွက်အိပ်ခန်း

Source: Emily Henderson

အိမ်မှာရှိတဲ့အခန်းပိုတွေကို ဧည့်သည်တွေလာရောက်လည်ပတ်တဲ့အခါ အိပ်ခန်းအဖြစ် အိပ်စက်အနားယူဖို့ ပြင်ဆင်ပေးထားရပါမယ်။ အိမ်မှာတခြားသောအခန်းတွင်းပြင်ဆင်ခြင်းတွေနဲ့ အလုပ်များနေတဲ့အခါ ဧည့်သည်အနားယူဖို့အခန်းကို ပြင်ဆင်ဖို့မေ့နေတတ်ကြပါတယ်။

သက်သောင့်သက်သာရှိအောင်ဖန်တီးမယ်

Source: Coastal Living

ကိုယ့်အိမ်မှာအနားယူရသလို ခံစားရအောင် နွေးထွေးတဲ့ခံစားမှုမျိုးကို ဖန်တီးပေးသင့်ပါတယ်။ သန့် ပြန့်တဲ့အိပ်ယာခင်းနဲ့စောင်တွေကို အသုံးပြုသင့်ပြီး သန့်ရှင်းမှုရှိဖို့က အရေးကြီးပါတယ်။ အကောင်းဆုံးအနားယူနိုင်ပြီး မွှေးကြိုင်လှပတဲ့ပန်းတွေသာရှိခဲ့ရင် ရွှေဧည့်သည်တို့စိတ်တိုင်းကျသွားမှာပါ။

လေ၀င်လေထွက်ကောင်းအောင်ဖန်တီးပါ

Source: Coastal Living

ဧည့်သည်တွေအတွက်အိပ်ခန်းဟာ သင့်တော်တဲ့အလင်းရောင်ရှိပြီး လေ၀င်လေထွက်ကောင်းဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်လက်ပေါ့ပါးလန်းဆန်းနေမယ်ဆိုရင် ငွေဧည့်သည်ကကျေနပ်ပျော်ရွှင်နေမှာပါ။

ရိုးရှင်းတဲ့အခန်းတွင်းအပြင်အဆင်ကိုဖန်တီးမယ်

Source: jennysteffens.blogspot.com

ဆွဲဆောင်မှုလည်းရှိပြီး သပ်ရပ်လှပတဲ့အခန်းတွင်းအပြင်အဆင်ကို ရွေးချယ်လိုက်ပါ။ စရိတ်စကလည်း သက်သာဖို့ လိုအပ်တယ်လေ။ ဒါပေမယ့်ရိုးရှင်းတဲ့အပြင်အဆင်က ဧည့်သည်စိတ်အေးချမ်းသာမှုကို အပြည့်အ၀ပေးနိုင်ပါလိမ့်မယ်။

ရာသီဥတုအလိုက်ပြင်ဆင်ထားမယ်

Source: Rilane

ရာသီဥတုနဲ့ညီညွတ်မျှတတဲ့ အသုံးအဆောင်တွေကိုလည်း ထည့်သွင်းပေးထားဖို့လိုအပ်ပါတယ်။ ဆောင်းရာသီမှာ မီးလင်းဖိုတစ်လုံးရှိသင့်သလို နွေရာသီမှာတော့ ပန်ကာ (သို့) အဲယားကွန်းတစ်လုံးတော့ ရှိသင့်တာပေါ့။ ဧည့်ကောင်းဆောင်ကောင်းတွေအတွက် သင့်အိမ်ဟာ အသာယာဆုံးအိမ်တစ်လုံးဖြစ်သွားပါလိမ့်မယ်။