[Zawgyi]

တစ္ခ်ိဳ ့မင္းသားေတြဟာ ဘယ္လိုဆံပင္ပံုစံမ်ိဳးနဲ ့မဆို လိုက္ဖက္ၾကပါတယ္။ ဥပမာ- ဘရက္ပစ္ဆိုရင္ ေခါင္းတံုးဆံပင္ေကပဲ ညွပ္ညွပ္ ေဘးခဲြဆံပင္ပံုစံပဲ ထားထား ဆံပင္ရွည္နဲ ့ပဲေနေန စမတ္က်ေနတာပါပဲ။

The Rock လို မင္းသားမ်ိဳးကေတာ့ ဆံပင္မရိွတာကိုက ဆဲြေဆာင္မႉ ျဖစ္ေနပါတယ္။ ဆံပင္အရွည္ထားမွ ၾကည့္ေကာင္းတဲ့ မင္းသားေတြလည္း ရိွပါတယ္။

(၁) ေဂ်ဆန္ မိုမိုရာ

Source: Red Bull
ေဂ်ဆန္ မိုမိုရာရဲ့ ဆံပင္အရွည္ပံုစံဟာ အရိုင္းဆန္ျပီး ေယာကၤ်ားပီသတဲ့ အသြင္ကို ေဆာင္ပါတယ္။ Aqaman နဲ ့Game of Thrones ထဲက ခဲလ္ဒရိုဂိုအျဖစ္ သရုပ္ေဆာင္ခ်ိန္မွာ ေဂ်ဆန္ရဲ့ ဆံပင္အရွည္ေတြဟာ တကယ့္ကို လိုက္ဖက္ပါေပတယ္လို ့ဆိုရမွာပါ။သဘာဝဆန္တဲ့ ဒီဆံပင္ပံုစံနဲ့အတူ ရွည္လ်ားတဲ့ မုတ္ဆိတ္ကလည္း သူ ့ကို ထူးျခားေစပါတယ္။

(၂) ကီႏူး ရိဗ္စ္

Source: SCMP

ကီႏူးရိဗ္ကေတာ့ သူ ့ရဲ့ ဖက္ရွင္ေၾကာင့္ေရာ ဆံပင္မုတ္ဆိတ္ရဲ့ ထူးျခားမွုေၾကာင့္ပါ လူအုပ္ၾကားမွာ ထင္ရွားေနပါတယ္။ သဘာဝဆန္ဆန္ ေျဖာင့္စင္းတဲ့ ဆံသားရွည္ေပ်ာ့ေပ်ာ့ဟာ သူ ့မ်က္ႏွာနဲ ့လိုက္သလို သူ ့ရဲ့ ဇာတ္ေကာင္ေတြနဲ ့ပါ ၾကည့္လို ့ေကာင္းေနပါတယ္။

(၃) ခရစၥဟမ္းစ္ေဝါ့သ္

Source: USA Today

Thor မင္းသားအျဖစ္နဲ ့နာမည္ႀကီးတဲ့ ခရစၥဟမ္းစ္ေဝါ့သ္ရဲ့ ဆံပင္ရွည္ကလည္း ပုခံုးဝဲရံုပဲ ရိွျပီး မ်က္ႏွာ ၊ ေမးရိုးတစ္ဝိုက္မွာ ဆံအေခြေတြက ၾကည့္ေကာင္းေအာင္ က်ေနပါတယ္။ ေရႊေရာင္ ဆံရွည္ေတြ ရိွတဲ့ ခရစၥကေတာ့ သူ ့ဆံပင္ကိုသိပ္ၿပီး သသူမဟုတ္ဘဲ ပဲြလမ္းသဘင္သြားမွသာ Gel ေလးဘာေလး လိမ္းေလ့ရိွၿပီး ပံုမွန္ဆိုစည္းထားသူ ျဖစ္ပါတယ္။

(၄) ကစ္ဟာရင္တန္

Source: Vox

Game of Thrones ထဲမွာ ဂြ်န္စႏိုးလို ့လူသိမ်ားတဲ့ မင္းသားေခ်ာ ကစ္ဟာရင္တန္ကေတာ့ အုံထူၿပီး ဆံပင္အေခြအလိပ္လိပ္နဲ ့Curly ျဖစ္တဲ့ ဆံပင္ ပိုင္ရွင္ပါ။ Sexy ဆန္ျပီး နည္းနည္းေတာ့ ထိန္းသိမ္းဖို ့ခက္တဲ့ ဆံပင္ပံုစံလည္း ျဖစ္ပါတယ္။

(၅) ဘရက္ပစ္

Source: thetrendspotter

အသက္ႀကီးလာတဲ့အထိ ဘရက္ပစ္ရဲ့ ေယာက်ၤားဆန္ၿပီး ဆဲြေဆာင္မွုအားေကာင္းတဲ့ အခ်က္ကေတာ့ လူတိုင္းပါးစပ္ဖ်ားမွာ စဲြက်န္ေနဆဲပါ။ ဘရက္ပစ္ဟာ ဆံပင္ပံုစံမ်ိဳးစံုနဲ ့လိုက္တဲ့ မင္းသားျဖစ္ၿပီး ပုခံုးေထာက္ေအာင္ ရွည္တဲ့ ဆံပင္ပံုစံနဲ ့Troy ရုပ္ရွင္ထဲမွာ ဂရိသူရဲေကာင္း အာခီလီးစ္အျဖစ္ သရုပ္ေဆာင္ခ်က္ကလည္း အမွတ္ရစရာ ျဖစ္ေနပါတယ္။ဆံပင္ရွည္ဟာ လူတိုင္းနဲ ့မလုိက္ေပမယ့္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာေတာ့ ထားၾကည့္ဖို ့သင့္ပါတယ္။

[Unicode]

တစ်ချို့မင်းသားတွေဟာ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်ကြပါတယ်။ ဥပမာ- ဘရက်ပစ်ဆိုရင် ခေါင်းတုံးဆံပင်ကေပဲ ညှပ်ညှပ် ဘေးခွဲဆံပင်ပုံစံပဲ ထားထား ဆံပင်ရှည်နဲ့ပဲနေနေ စမတ်ကျနေတာပါပဲ။

The Rock လို မင်းသားမျိုးကတော့ ဆံပင်မရှိတာကိုက ဆွဲဆောင်မှူ ဖြစ်နေပါတယ်။ ဆံပင်အရှည်ထားမှ ကြည့်ကောင်းတဲ့ မင်းသားတွေလည်း ရှိပါတယ်။

(၁) ဂျေဆန် မိုမိုရာ

Source: Red Bull
ဂျေဆန် မိုမိုရာရဲ့ ဆံပင်အရှည်ပုံစံဟာ အရိုင်းဆန်ပြီး ယောင်္ကျားပီသတဲ့ အသွင်ကို ဆောင်ပါတယ်။ Aqaman နဲ့Game of Thrones ထဲက ခဲလ်ဒရိုဂိုအဖြစ် သရုပ်ဆောင်ချိန်မှာ ဂျေဆန်ရဲ့ ဆံပင်အရှည်တွေဟာ တကယ့်ကို လိုက်ဖက်ပါပေတယ်လို့ဆိုရမှာပါ။သဘာဝဆန်တဲ့ ဒီဆံပင်ပုံစံနဲ့အတူ ရှည်လျားတဲ့ မုတ်ဆိတ်ကလည်း သူ့ကို ထူးခြားစေပါတယ်။

(၂) ကီနူး ရိဗ်စ်

Source: SCMP

ကီနူးရိဗ်ကတော့ သူ့ရဲ့ ဖက်ရှင်ကြောင့်ရော ဆံပင်မုတ်ဆိတ်ရဲ့ ထူးခြားမှုကြောင့်ပါ လူအုပ်ကြားမှာ ထင်ရှားနေပါတယ်။ သဘာဝဆန်ဆန် ဖြောင့်စင်းတဲ့ ဆံသားရှည်ပျော့ပျော့ဟာ သူ့မျက်နှာနဲ့လိုက်သလို သူ့ရဲ့ ဇာတ်ကောင်တွေနဲ့ပါ ကြည့်လို့ကောင်းနေပါတယ်။

(၃) ခရစ္စဟမ်းစ်ဝေါ့သ်

Source: USA Today

Thor မင်းသားအဖြစ်နဲ့နာမည်ကြီးတဲ့ ခရစ္စဟမ်းစ်ဝေါ့သ်ရဲ့ ဆံပင်ရှည်ကလည်း ပုခုံးဝဲရုံပဲ ရှိပြီး မျက်နှာ ၊ မေးရိုးတစ်ဝိုက်မှာ ဆံအခွေတွေက ကြည့်ကောင်းအောင် ကျနေပါတယ်။ ရွှေရောင် ဆံရှည်တွေ ရှိတဲ့ ခရစ္စကတော့ သူ့ဆံပင်ကိုသိပ်ပြီး သသူမဟုတ်ဘဲ ပွဲလမ်းသဘင်သွားမှသာ Gel လေးဘာလေး လိမ်းလေ့ရှိပြီး ပုံမှန်ဆိုစည်းထားသူ ဖြစ်ပါတယ်။

(၄) ကစ်ဟာရင်တန်

Source: Vox

Game of Thrones ထဲမှာ ဂျွန်စနိုးလို့လူသိများတဲ့ မင်းသားချော ကစ်ဟာရင်တန်ကတော့ အုံထူပြီး ဆံပင်အခွေအလိပ်လိပ်နဲ့Curly ဖြစ်တဲ့ ဆံပင် ပိုင်ရှင်ပါ။ Sexy ဆန်ပြီး နည်းနည်းတော့ ထိန်းသိမ်းဖို့ခက်တဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။

(၅) ဘရက်ပစ်

Source: thetrendspotter

အသက်ကြီးလာတဲ့အထိ ဘရက်ပစ်ရဲ့ ယောင်္ကျားဆန်ပြီး ဆွဲဆောင်မှုအားကောင်းတဲ့ အချက်ကတော့ လူတိုင်းပါးစပ်ဖျားမှာ စွဲကျန်နေဆဲပါ။ ဘရက်ပစ်ဟာ ဆံပင်ပုံစံမျိုးစုံနဲ့လိုက်တဲ့ မင်းသားဖြစ်ပြီး ပုခုံးထောက်အောင် ရှည်တဲ့ ဆံပင်ပုံစံနဲ့Troy ရုပ်ရှင်ထဲမှာ ဂရိသူရဲကောင်း အာခီလီးစ်အဖြစ် သရုပ်ဆောင်ချက်ကလည်း အမှတ်ရစရာ ဖြစ်နေပါတယ်။ဆံပင်ရှည်ဟာ လူတိုင်းနဲ့မလိုက်ပေမယ့် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ထားကြည့်ဖို့သင့်ပါတယ်။