သင်ဟာခန္ဓာကိုယ်ကို ကျစ်လျစ်ခန့်ညားတဲ့ကြွက်သားတွေနဲ့ တည်ဆောက်ဖို့ကြိုးစားနေသူတစ်ယောက်ပါလား။ ဒါဆိုကြွက်သားတွေတောင့်တင်းသန်မာစေဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ရုံနဲ့ မပြည့်စုံနိုင်ဘူးဆိုတာ သိသင့်ပါတယ်။ Gym နဲ့သင့်တော်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးဖို့လိုအပ်ပါတယ်။

ငှက်ပျောသီး

Source: Muscle & Fitness

Gym မဆော့မီ အဆာပြေစားချင်ပါက ငှက်ပျောသီးကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဒြပ်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဒြပ်တွေ အပြည့်အဝပါရှိတဲ့အတွက် Gym ကစားနေသူကို များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ဘလူးဘယ်ရီ

Source: A Tasty Love Story

Gym ကစားသူတွေစားသုံးပေးသင့်တဲ့ သစ်သီးနောက်တမျိုးကတော့ ဘလူးဘယ်ရီသီးပဲဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ပရိုတင်းဒြပ်၊ ဗီတာမင်-C နဲ့ Anthocyanins ဒြပ်တွေပါဝင်ပါတယ်။ အဆိုပါဒြပ်တွေဟာ သဘာဝနည်းလမ်းနဲ့ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေနိင်ပြီး  Workout လုပ်နေစဉ်အတွင်းမှာလည်း ခန္ဓာကိုယ်ရဲ့ဇီဝပြောင်းလဲမှုတွေကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

ပန်းသီး

Source The Cheat Sheet

ခန္ဓာကိုယ်လေ့ကျင့်ခန်းပြုလုပ်နေစဉ်ကာလအတွင်းမှာ ရွေးချယ်စားသုံးသင့်တဲ့ သစ်သီးနောက်တမျိုးကတော့ ပန်းသီးပဲဖြစ်ပါတယ်။ ပန်းသီးဟာရေဒြပ်ပြည့်ဝပြီး ခန္ဓာကိုယ်ရဲ့အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဒိန်ချဉ်

 

Source: Enkimd.com

ဒိန်ချဉ်ဟာအရသာလည်းကောင်းမွန်တဲ့အပြင် အာဟာရဒြပ်နဲ့လည်းပြည့်စုံပါတယ်။ ဒိန်ချဉ်ကို အားကစားလုပ်ဆောင်တဲ့သူတွေက ပိုမိုသောက်သုံးပေးသင့်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်ဓာတ်မြောက်များစွာပါဝင်ပြီး ဆီးမှန်၊ ဝမ်းမှန်စေတဲ့အတွက် မလိုအပ်တဲ့အဆီပိုတွေကိုလည်း ကင်းစင်စေမှာဖြစ်ပါတယ်။