အမျိုးသားများဟာ ခန္ဓာကိုယ်ကြွက်သားတွေ တောင့်တင်းသန်မာအောင် Gym ကစားတတ်ကြပါတယ်။ ဒီလိုအားကစားပြုလုပ်တဲ့အခါ  မှာ တချို့ကအကျိုးရလဒ်ကောင်းတွေရရှိပြီး တချို့တော့အချည်းနှီးဖြစ်သွားတတ်တာကို တွေ့ရပါလိမ့်မယ်။ Gym ကစားတဲ့အခါမှာ အကျိုးရလဒ်ကောင်းအောင် ဘယ်လိုနည်းလမ်းတွေလိုအပ်ပါသလဲ။

လေ့ကျင့်ခန်းပြုလုပ်တဲ့ကြာချိန်

Source: Naturally Intense High Intensity Training

Gym ကစားတဲ့အခါမှာ ရလဒ်ကောင်းတွေပေါ်ထွက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဘယ်လောက်ကြာအောင်ကစားသလဲဆိုတဲ့ ကြာချိန်ပေါ်မူတည်ပါတယ်။ အချိန်များများပေးနိုင်လေ ရလဒ်ကောင်းရဖို့ နီးစပ်လေပဲဖြစ်ပါတယ်။

နည်းစနစ်တကျလုပ်ဆောင်မှု

Source: Men’s Journal

Gym ကစားတဲ့အခါ ရလဒ်ကောင်းတွေရရှိနိုင်ဖို့အတွက် နည်းစနစ်တကျလေ့ကျင့်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ နည်းစနစ်မကျတဲ့အခါ အချိန်ကုန်၊လူပင်ပန်းဖြစ်ရပြီး မျှော်လင့်ထားသလိုခန္ဓာကိုယ်အချိုးအစားလည်း ရရှိနိုင်ဖို့မလွယ်ကူပါဘူး။

စိတ်ဝင်စားအာရုံစိုက်မှု

Source: Shutterstock

သင့်ရဲ့အာရုံစူးစိုက်မှုနဲ့ Gym အပေါ် စိတ်ဝင်စားမှုဟာလည်း ရလဒ်ကောင်းရမရဆိုတဲ့အချက်ကို များစွာအထောက်အကူပြုစေနိင်ပါတယ်။ ဂရုတစိုက်အာရုံထားပြီး လေ့ကျင့်ပေးမယ်ဆိုရင် ရလဒ်ကောင်းတွေရရှိလာမှာပဲဖြစ်ပါတယ်။

မှန်ကန်တဲ့အစားအသောက်

Source: jmaxfitness.com

Gym ကစားနေတဲ့အမျိုးသားတစ်ယောက်ဟာ နေ့စဉ်အစားအသောက်တွေအပေါ်မှာလည်း ဂရုပြုရွေးချယ်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဆောင်နေပြီး မှန်ကန်တဲ့အစားအသောက်ကိုရွေးချယ်စားသုံးမပေးဘူးဆိုရင် ရလဒ်ကောင်းတွေရနိုင်မှာမဟုတ်ပါဘူး။