စတိုင်လ်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အားစိုက်ထုတ်ရမယ့်အရာဆိုလည်း မမှားပါဘူး။ သို့ပေမယ့် ဒီလိုကြိုးစားလုပ်ယူထားတာက နောက်တော့ အကျင့်ဖြစ်သွားပါလိမ့်မယ် အဲ့လိုအခြေအနေကျရင်တော့ သင်ဟာ ဆရာကျသွားပြီဖြစ်ပါတယ်။ ဘယ်သူမှတော့ မွေးကတည်းက အထာကျတာမရှိပါဘူး။ ဆန္ဒရှိရင်တော့ လူတိုင်းဖြစ်နိုင်ပါတယ်။
Source: mensfashionmagazine.com
စတိုင်ကျတဲ့ယောကျ်ားတွေရဲ့ အကျင့်နဲ့အယူအဆတွေက ဘယ်လိုဖြစ်နိုင်မလဲ။ တကယ်လို့ ကိုယ့်ကိုယ်ကို စတိုင်ကျသူလို့ ခံယူထားတယ်ဆိုရင် သင်နဲ့လည်း ဘယ်အချက်တွေက တူမတူဆိုတာကို ကိုက်ကြည့်လို့ရတာပေါ့။
-
ဝါရင့်အထာကျသူတွေဟာ သူတို့ အဝတ်အစားဝတ်ဆင်မှုအပေါ်မှာ ယုံကြည်မှုနေတာမျိုး
-
လက်တန်းရွေးလိုက်တဲ့ အဝတ်အစားတိုင်းဟာ သူနဲ့တော်နေတာ အမြဲ Fit ပြီး တော်နေတာမျိုး
-
ပွဲတက် Suit တွေ ချုပ်နေကျ ပင်တိုင်ဒီဇိုင်းနာ တစ်ယောက်ရှိတာမျိုး
-
ဘယ်အင်္ကျီနဲ့ ဘောင်းဘီလိုက်ဖက်တယ် ဆိုတာကို မသိစိတ်က အလိုလိုသိနေတာမျိုး
-
အထည်များ အယားပြေ မဟုတ်ဘဲ ကွာလတီကို ဦးစားပေးဝယ်တတ်တာမျိုး
-
Brands အစွဲအလမ်းမရှိဘဲ ဒီဇိုင်းကာလာအနေအထားကို အလေးပေးရွေးတာမျိုး
-
နေ့စဉ်လှုပ်ရှားနေရတဲ့ Lifestyle နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို ပါးပါးနပ်နပ်ရွေးတတ်တာမျိုး
-
အဝတ်အစားတွေကို စနစ်တကျ Organise ဖြစ်အောင် ဘီဒိုထဲမှာ ထားတတ်တာမျိုး
-
ဒီအဝတ်အစားနဲ့ လိုက်ဖက်ရဲ့လားလို့ ဘယ်တော့မှမမေးတဲ့သူမျိုး
- တစ်ခြားသူတွေဆီက ဖက်ရှင်နဲ့ပတ်သက်ပြီး အကြံမလိုတာမျိုး
-
တစ်နေရာသွားဖို့ ဘာဝတ်ရမလဲဆိုတာကို အချိန်ပေးပြီး စဉ်းစားစရာမလိုတာမျိုး
-
အဝတ်အစားတွေကို သေသေချာချာ ထိန်းသိမ်းတတ်တာမျိုး
-
အဝတ်အစား အမျိုးအစား Texture ပေါ်လိုက်ပြီး သေချာ Laundry ပို့တတ်တာမျိုး
-
သွားမယ့်နေရာနဲ့ အဝတ်အစားကို ကိုက်ညီအောင်ဝတ်ဆင်တတ်တာမျိုး
-
ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို အတိအကျသိတဲ့သူမျိုး
-
အဝတ်အစားဝယ်မယ်ဆိုပြီး Shopping အတွက် အချိန်ပေးတတ်တာမျိုး
-
ဖက်ရှင်ကို အနည်းနဲ့အများနားလည်ပြီး အမြင်ရှိတာမျိုး
-
ဗီဒိုကို အမြဲ အဝတ်အစားအသစ်တွေ စုဆောင်းပြီး Upgrade လုပ်တတ်သူမျိုး
-
အဝတ်အစားတွေရဲ့ အနံ့အသက်ကို အမြဲဦးစားပေးတာမျိုး
-
အမြဲတမ်းပြောစရာမလိုပဲ စတိုင်ကျနေတာမျိုး
Source: mensfashionmagazine.com
ဒီလိုအကျင့်လေးတွေ ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင်ဟာဖက်ရှင်မှာပြောစရာမလိုအောင် Stylish ဖြစ်နေမှာ အသေအချာပါ။