ယောက်ျားလေးတွေလည်း ဆံပင်အရောင်ဆိုးရတာကိုနှစ်သက်ကြမှာပါ။ သို့ပေမဲ့ ဆံပင်ဆိုးရတဲ့ ရည်ရွယ်ချက်တော့တူကြမှာမဟုတ်ပါဘူး။ တစ်ချို့ကတော့ ပိုငယ်တယ်လို့ထင်ရအောင်ဆိုးကြပါတယ် တစ်ချို့ကတော့ အမြင်တမျိုးဆန်းဖို့ ဆိုးကြပါတယ်။ အမြင်ဆန်းစေဖို့ ဆိုးတဲ့သူတွေကတော့ ဖက်ရှင်ကို ဦးစားပေးတဲ့လူတွေလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခုသိသင့်တာက ကိုယ်နဲ့လိုက်မယ့်အရောင်ကို ဆိုးမိဖို့တော့လိုပါတယ်။ လုပ်သင့်တာကတော့ hair saloon က ကျွမ်းကျင်သူ stylist တွေနဲ့တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ သူတို့ကတော့ သင့်မျက်နှာထား အသားအရေပေါ်မူတည်ပြီး လိုက်ဖက်မယ့် အရောင်ကိုရွေးချယ်ပေးနိုင်သူတွေပါ။ Cele တွေထဲမှာဆိုရင်တော့ Zyan Malik Wiz Khalifa တို့ဆို Rose တို့ purple တို့ platinum တို့ စတဲ့ အရောင်တွေတောင် ဆိုးကြပါတယ်။ အရောင်တွေဟာ ထူးခြားပါတယ် သင့်အသားအရေကြောင့်မလိုက်နိုင်ဘူးဆိုပြီး မဆိုးကြည့်ရသေးပဲ တထစ်ချပြောလို့မရပါဘူး။ နောက်ပြီး ဆံပင်ကို အရောင်ဆိုးရင်မိန်းမဆန်တယ် လို့လည်းမယူဆစေချင်ဘူး တစ်ချို့ ဆံပင်ကလာလေးနဲ့ ဘဲတွေဆို ဆွဲဆောင်မှုအတော်ရှိပါတယ်။

Sorce: marieclaire.com

ဒါကြောင့်ဆံပြင်မဆိုးခင်အသိပေးချင်တာတွေကို ဒီတစ်ပတ်ပြောပြလိုက်ရခြင်းပဲဖြစ်ပါတယ်။

ပထမတစ်ချက်က ကိုယ်ကြိုက်တဲ့အရောင်ကို သိဖို့ပါပဲ။ အရောင်ကိုသေချာ ပြန်မပြောတတ်ဘူးဆိုရင်တော့ ဓာတ်ပုံပဲဖြစ်ဖြစ်ယူထားသင့်ပါတယ်။ အဲ့တာမှ တကယ်လို့ hair stylist ကကြည့်လိုက်လို့ သင်နဲ့မလိုက်ဖူးဆိုရင် ထိုအရောင်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် အရောင်ဘက်ကိုသွားတဲ့ ကာလာမျိုးလောက်တော့ ရွေးပေးနိုင်မှာဖြစ်ပါတယ်။

Source: marieclaire.com

ဆံပင်ဆိုးတဲ့အခါ အိမ်မှာမဆိုးပါနဲ့။ အိမ်မှာကိုယ့်ဟာကိုယ် ဆံပင်မညှပ်ဘူးမဟုတ်လားအဲ့လိုပဲ အိမ်မှာ ဖြစ်သလိုဆံပင်မဆိုးသင့်ပါဘူး။ ဆိုင်တွေမှာသွားဆိုးရင်မတန်ဘူးလို့ခံစားကောင်းခံစားရပါလိမ့်မယ် သို့ပေမယ့် အဓိကကျတာက ဆံပင်ကျွမ်းကျင်သူရဲ့ အကြံပေးမှုပါ သူတို့ဟာ သင်နဲ့ လိုက်မယ့်အရောင်ကိုသိတဲ့အပြင် ဆိုးမယ့်ဆေးကောင်းမကောင်းကိုလည်း ပြောပြပေးနိုင်မှာပါ့ ကိုယ့်ဟာကိုဆိုးပြီးမှ ဆံပင်ပျက်စီးသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး။

Source: marieclaire.com

နောက်တစ်ချက်ကတော့ အရောင်ရွေးချယ်တဲ့အခါမှာ သင့်နေ့စဉ် သွားလားဝတ်ဆင်မှုပေါ်မူတည်ပြီးရွေးချယ်စေချင်ပါတယ်။ အဲ့အချက်တွေကို စဉ်းစားပြီးလို့ ဆိုးဖြစ်သွားပြီဆိုရင်တော့ နောက်ပိုင်းထိန်းသိမ်းရမယ့်အပိုင်းကို ပြောချင်ပါတယ်။ ကြိုပြောချင်တာ တစ်ခုကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါလိမ့်မယ်။ ဖက်ရှင်ကျ ပြီးညြ့်ကောင်းချင်ရင်တော့ ဒီလိုလုပ်ရတာတန်ပါတယ်။Natural မဟုတ်ပဲ သဘာဝကိုဆန့်ကျင်ပြီးလုပ်တဲ့အရာတိုင်းမှာ ဆိုးကျိုးရှိပါတယ်။ ဒီလိုဆိုရင်တော့ treatment ပေးဖို့လိုအပ်လာပါပြီ တပတ်တခါလောက်ပဲဖြစ်ဖြစ်တော့ ဆံပင်ကိုပေါင်းတင် ပေးဖို့လိုပါတယ်။ ပစ်ထားရင်တော့ အသက်ကြီးလာတဲ့အခါ ဆံပင်ကျန်တော့မှာမဟုတ်ပါဘူး။