Pop Music ပေါ့တေးဂီတကို ဘယ်လိုနားလည်ထားကြလဲတော့မသိဘူး။ သေချာတာတစ်ခုကတော့အရင်တုန်းက Pop ကိုအဓိပ္ပာယ်ဖွင့်ရရင် ပျော်ရွင်မှုတွေပေးနိုင်တဲ့ပေါ့ပါးလွတ်လပ်တဲ့တေးဂီတအမျိုးအစားလို့ပြောရမယ်ဆိုမမှားပါဘူး။

သို့ပေမယ့်အခုအခါမှာဘယ်လိုဖြစ်လာလဲဆိုတော့ ရောစပ်မှုတွေရှိလားပြီး နှစ်ပင် သုံးပင်လိမ်ကုန်တာကြောင့် Pop King Michael Jackson လက်ထက်တုန်းကလို ပျော်ရွှင်မှုကိုပေးနိုင်တဲ့ဂီတဟာ တဖြည်းဖြည်းမှေးမှိန်လာပါတယ်။ ခုလိုအဖြစ်အပျက်ဟာ ဘာနဲ့တူသလဲဆိုတော့ 1920s လောက်က Jazz ဂီတစစ်စစ် ပျောက်ကွယ်သွားတဲ့ အခြေအနေနဲ့သွားတူပါတယ်။

Source: theyoungwanderer.com

၁၉၂၀ ရောက်တော့ တေးဂီတနဲ့ပတ်သက်ပြီး ဝေဖန်မှုပြုသူတစ်ဦးက ဒီ Jazz တေးဂီတဟာ Trumpet လိုတူရိယာတစ်မျိုးတည်း  ဆူညံမှုတွေမပါပဲ ငြိမ့်ညောင်းတဲ့ဂီတပါ နောက်ပိုင်းမှာတော့ Concert တွေမှာ အဆန်းထွင်ပြီး တီးခေတ် Modern တူရိယာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ ရိုးရာပါပျောက်သွားတဲ့အဆင့်အထိ ဖြစ်သွားပါတယ်ဆိုပြီး ပြောထားပါတယ်။ နောက် 50s 60s ရောက်လာတော့ Rock’N’Roll ဂီတလည်း အလားတူအခြေအနေမျိုး ရင်ဆိုင်လာရပါတယ်။ Pop တေးဂီတအတွက်လည်းစိုးရိမ်စရာဖြစ်လာပါတယ်။

ဝေဖန်မှုပြုလုပ်ရမယ်ဆိုရင် အရင်ကလိုပျော်စရာ Mood ကိုပေးစွမ်းနိုင်တဲ့ မြူးကြွတဲ့ပေါ့တေးဂီတကို မတူညီတော့တဲ့ Sense ကို Mislead လုပ်နေတဲ့ အချက်တွေကတော့ “Sadder and Slower” ပုံမှန်ထက်နှေးပြီး ညင်သာလာတာမျိုးကို Coldplay ရဲ့ Yellow တို့ James Arthur ရဲ့ Naked ဆိုတဲ့သီချင်းတွေနားထောင်ဖူးရင် သိသာပါတယ်။ Tempo ဟာ တဖြည်းဖြည်းနှေးလာပြီး Emotion ကိုဦးစားပေးပြီးသီဆိုလာကြတာပဲဖြစ်ပါတယ်။

Source: Theyoungwanderer.com

“Simpler And Louder” ကတော့ Melodically အရရှုပ်ထွေးလာပြီးတော့ ရိုးရှင်းလှတဲ့စာသားတွေနဲ့ အသံခပ်ကျယ်ကျယ် ခပ်ကြမ်းကြမ်းစကားပြောထားသလို Pop တေးဂီတကိုအသွင်ပြောင်းထားပါတယ်။ ၁၉၅၅ မှ ၂၀၁၀ ကြားထွက်ထားတဲ့ ပေါ့သီချင်းတွေကို နားထောင်ကြည့်ရင်ပိုသိပါလိမ့်မယ်။

“Antisocial And Angry” ဖြစ်လာပါတယ်။ ပေါ့ပါးပျော်ရွင်စရာကောင်းတဲ့တေးဂီတတစ်ခုဟာ ရာစုနှစ်တွေပြောင်းလဲလာတာနဲ့အမျှ မကျေနပ်ချက်တွေ ပေါက်ကွဲမှု ဒေါသထွက်မှုတွေ Psychological Characteristics ပါလာပြီးအနှစ်သာရပျက်စီးလာပါတော့တယ်။

Source: Theyoungwanderer.com

နောက်ဆုံးတစ်ခုကတော့ “ More Repetitive” စကားလုံးတစ်ခုကိုထပ်ခါထပ်ခါသုံးတာများလာတာမျိုးပါ။ ဥပမာပေးရရင်တော့ အရမ်းနာမည်ကြီးသွားတဲ့ Big Shaq ရဲ့ Mans Not Hot သီချင်းပါ။ Rap အမျိုးအစားလို့ထင်ကောင်းထင်နေပါလိမ့်မယ်။ တကယ်တော့ ပေါ့အမျိုးအစားပါ။ ပေါ့ဂီတကို ကြိုက်နှစ်သက်သူတွေအတွက် Pop စစ်စစ်ကိုရွေးချယ်ခံစားနိုင်အောင် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။