ပန်းသီးဆိုတာ အချစ်ရဲ့ သင်္ကေတအဖြစ် လူတွေက လက်ခံထားကြပါတယ်။ ပန်းသီးနဲ့ ပတ်သက်ပြီးတော့လည်း အဓိပ္ပါယ်ဖွင့်ဆိုလိုက်ကြတာာ အမြောက်အမြားပါပဲ။ ဒါပေမယ့်လည်း အရေးကြီးတဲ့ အချက်တစ်ချက်ရှိနေပါသေးတယ်။ အဲဒီအချက်က ဘာပါလဲ။

Source: Dani Christoffer

ပန်းသီးရဲ့ စွမ်းအင်

Source: FWallpapers.com

ချိုမြိန်ပြီး ကြွပ်ရွတဲ့ ပန်းသီးလေးတွေမှာ ခန္ဓာကိုယ်ရဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ Antioxidant တွေ ကို စွမ်းအင်မြှင့်ပေးနိုင်တဲ့ Quercetin တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေပါတယ်။ ဒါကြောင့် ပန်းသီးစားသုံးခြင်းက ခန္ဓာကိုယ် ရဲ့ ရောဂါကာကွယ်နိုင်တဲ့ စွမ်းအင်တွေကို မြှင့်တင်လိုက်ပါ။

ဒါ့ကြောင့် ပန်းသီးကို စားသုံးပါ။

Source: Pixabay

ဒီလို ဓာတ်သတ္တိတွေ ကြွယ်ဝစွာ ပါဝင်တဲ့ ပန်းသီးကို နေ့စဉ်စားသုံးပေးဖို့ လိုပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ  ပန်းသီးတွေဟာ တာရှည်ခံအောင် အမျိုးမျိုးလုပ်လာကြတဲ့အတွက် ပန်းသီးစားမယ်ဆိုရင် သေချာရေဆေးပြီး သေချာ အခွံနွှာပြီးမှ စားသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။