Shoes တွေဝတ်တဲ့အခါမှာ ခြေအိတ်မပါဘဲ ဘာ့ကြောင့် ဝတ်သင့်သလဲ။ သိကြတဲ့အတိုင်းပဲ ရာသီဥတုကလည်းပူတော့ အလုပ်သွားလို့ Shoes စီးတဲ့အခါ တနေကုန် ခြေဖဝါးကို ချွေးပေါင်းထားသလိုဖြစ်ပြီး နေရခက်မယ့်အနေအထားမျိုးပေါ့။

Source: jianshu.com

ဒီလိုအခြေအနေကနေလွန်မြောက်အောင်လုပ်နိုင်တာတစ်ခုက ခြေအိတ်မဝတ်ဘဲ ဖိနပ်ပဲစီးသင့်ပါတယ်။ အေးတဲ့အချိန်မှာတော့ ခြေအိတ်ဝတ်ရတာ အဓိပ္ပာယ်ရှိပေမယ့် ပူလွန်းတဲ့အချိန်တို့ မိုးတွင်းတို့ကျတော့ သွားရလာရနေရထိုင်ရတာ အတော့ကို ခက်ခဲလှပါတယ်။ တစ်ခါတလေကျတော့လည်း ဖက်ရှင်ထက် ကိုယ်အဆင်ပြေဖို့ကိုဦးစားပေးရတာမျိုးလည်းရှိတတ်ပါတယ်။

Source: D’Marge

အဲ့လို တနေကုန်နီးပါးခြေအိတ်ကိုစွတ်ပါများလာတော့ ကြာရင် Fungal Infections လို့ခေါ်တဲ့ မှိုရောဂါရလာနိုင်ပါတယ်။ ကျန်းမာရေးအဖွဲရဲ့ ထုတ်ပြန်ချက်အရဆို ဒီရောဂါဟာ အသက် ၁၈ နှစ် ကနေ ၂၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်တဲ့။ ဒီလိုကိစ္စကို ကာကွယ်ဖို့ Sockless Trend ဆိုပြီးဖြစ်လာပါတော့တယ်။

Source: adidas ZX Flux

အပေါ်မှာပြောခဲ့သလိုပဲ ဖက်ရှင်ကမတည်မြဲပါဘူး။ လူကလုပ်ယူတဲ့ကိစ္စတွေမို့ သင့်ကျန်းမာရေးကိုထိခိုက်မယ့် ဖက်ရှင်မျိုးဆိုရင်တော့ အနည်းနဲ့အများရှောင်တာကောင်းပါတယ်။ တဖက်ကပြန်ကြည့်တော့လည်းခြေအိတ်မပါရင် ခြေဖဝါးပိုနာနိုင်တယ်ဆိုပြီး အငြင်းပွားမှုတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ခြေဖဝါးနာတာကခဏ မှိုရောဂါဝင်သွားရင်တော့ ဆေးကုရမယ့်စရိတ်နဲ့ဆို လွယ်မှာမဟုတ်ပါဘူး။

Source: Dress Me Blog Me

Sockless Look ကိုရဖို့ဆိုရင် ခြေအိတ်ကိုမပေါ်စေတဲ့ Shoes တွေလည်းရှိပါတယ်။ မှိုရောဂါမဝင်အောင်ကာကွယ်လို့ရတာတစ်ခုကတော့ အမြဲသန့်နေအောင်ထားဖို့ပါပဲ။ Antiperspirant စပရေးတို့ ပေါင်ဒါတို့ထည့်ပြီး မှိုကိုကာကွယ်လို့ရပါတယ်။ ဖိနပ်ကိုပါဖြန်းရင် အနံ့ထွက်ခြင်းကိုလည်း တားစီးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သန့်ရှင်းမှုနဲ့ကူညီနိုင်ပါတယ်။