ဒေါက်ပါတဲ့ဖိနပ်တွေဟာ အမျိုးသားအတွက်ရော အမျိုသမီးအတွက်ပါ ဆွဲဆောင်မှုအပြည့်ရှိစေနိုင်တဲ့ ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဖိနပ်အမြင့်ကို စီးလိုက်ခြင်းအားဖြင့် လူကြားထဲမှာထင်ရှားစေပြီး ဆွဲဆောင်မှုလည်းရှိစေနိုင်ပါတယ်။ အမျိုးသားတွေကလည်း (HightHeels) ကို စွဲစွဲလန်းလန်းစီးတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေအတွက်တော့ ဖိနပ်အမြင့်တွေက စီးဖို့မသင့်တော်ပါဘူး။
အမျိုးသားတွေ ဘယ်ချိန်ထဲက စီးခဲ့ကြတာလဲ
Source: Kalco-Vitaderm
လွန်ခဲ့ရာစုနှစ်ပေါင်းများစွာထဲက အမျိုးသားတွေက ဖိနပ်အမြင့် (Hight Heels)တွေကို စီးခဲ့ကြတာဖြစ်ပါတယ်။ Hight Heels ကို စတင်စီးခဲ့တဲ့ သူတွေဟာလည်း အမျိုးသားတွေပဲဖြစ်ပါတယ်။
ဘယ်လိုအမျိုးသားတွေ Hight Heels စီးကြတာလဲ
Source: BooksFact
ရှေးခေတ်စစ်သည်တော်တွေ၊ မြင်းစီးသမားတွေက Hight Heels ကို အများဆုံးစီးခဲ့ကြတဲ့သူတွေပါ။ မြင်းပေါ်တက်တဲ့အခါ ဖိနပ်အမြင့်ဟာ မြင်းဗိုက်နားမှာရှိတဲ့ ခြေနင်းကွင်းကို အလွယ်တကူနင်းတက်နိုင်ပါတယ်။ စစ်သည်တော်တွေက မြင်းပေါ်မှာမတ်တတ်ရပ်ပြီး လေး၊ မြှားတွေနဲ့ တိုက်ပွဲဝင်တဲ့အခါမှာလည်း ဒီ Hight Heels ဟာ များစွာအကူအညီပေးပါတယ်။
အမျိုးသမီးတွေက Hight Heels ကိုဘယ်လိုနေရာတွေမှာစီးကြတာလဲ
Source: Pinterest
နောက်ပိုင်းခေတ်ရေစီးကြောင်းအရ Hight Heels ဟာအမျိုးသမီးတွေရဲ့ အနှစ်ခြိုက်ဆုံး လက်စွဲတော်ဖိနပ်အမျိုးအစားတစ်ခု ဖြစ်လာပါတယ်။ ဧည့်ခံပွဲတွေ၊ စင်မြင့်ပေါ်က အခမ်းအနားတွေမှာ Hight Heels ဟာ အမျိုးသမီးတွေအတွက် မပါမဖြစ်တဲ့ အသုံးအဆောင်တစ်ခုပဲဖြစ်ပါတယ်။
ဘာကြောင့်အမျိုးသားတွေ Hight Heels မစီးသင့်တာလဲ
Source: Chiko Shoes
ယနေ့ခေတ်မှာလည်း Hight Heels ကိုသဘောကျနှစ်ခြိုက်တဲ့အမျိုးသားတွေရှိပါတယ်။ ဒါပေမယ့် Hight Heels က ယနေ့အမျိုးသားတွေအတွက်မသင့်တော်တဲ့ဖိနပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။
အမျိုးသားတွေကားမောင်းတဲ့အခါမှာHightHeels ဟာအန္တရာယ်အပေးဆုံးပါပဲ။ခြေလျင်ခရီး တွေလျှောက်တဲ့အခါမှာလည်း HightHeels ဟာ သက်သောင့်သက်သာမရှိတဲ့အပြင် ဖိနပ်ပေါက်ခြင်း၊ ခြေထောက်ကြွက်တတ်ခြင်းစတဲ့ ဆိုးကျိုးတွေပါပေးနိုင်ပါတယ်။