လူကြီးလူငယ်၊ ကျား၊ မ မရွေး သဘောကျနှစ်သက်ကြတဲ့ Jeans ၀တ်စုံ စတင်ဖြစ်ပေါ်လာပုံကို ပြောပြပေးချင်ပါတယ်။ ကိုယ်သဘောကျတဲ့ဝတ်စုံရဲ့ သမိုင်းကြောင်းကို သိထားသင့်ပါတယ်။
ဘယ်ချိန်ကစတင်ခဲ့တာလဲ
Source: fashiondays.hu
Jeans ၀တ်စုံဟာ ပြင်သစ်နိုင်ငံမှာ ၁၈ရာစုက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကိုယ့်အ၀တ်ဗီဒိုထဲမှာ အမြဲရှိနေတတ်တဲ့ Jeans ၀တ်စုံရဲ့ သက်တမ်းရှည်ကြာမှုက အံ့သြဖွယ်ရာပါပဲ။
ဘယ်သူကတီထွင်ခဲ့တာလဲ
Source: abduzeedo.com
ပြင်သစ်နိုင်ငံမှာရှိတဲ့ André Family ကနေပြီး အီတလီနိုင်ငံထုတ် သက္ကလပ်ဖျင်စတွေနဲ့ ဆန်းသစ်တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဖျင်သားသက္ကလပ်စတွေမှာ သူတို့မိသားစုတီထွင်ထားတဲ့ အမဲဆီပျစ်ပျစ်တွေကို သုတ်လိမ်းပြီး ဆန်းသစ်တဲ့အ၀တ်စကို တီထွင်ခဲ့ပါတယ်။
Jeans အဖြစ် ဘယ်သူအသက်သွင်းပေးခဲ့တာလဲ
Source: Wikipiedia
တကယ်တော့ Jeans အဖြစ် အသွင်ပြောင်းပေးခဲ့သူက ၂ ဦးဖြစ်ပါတယ်။ ပထမတစ်ဦးကတော့ ရွေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်တဲ့ Levi Strauss ဆိုသူဖြစ်ပါတယ်။ သူကအမေရိကကို လာရောက်စဉ်မှာ Jeans မဖြစ်သေးတဲ့ ဆန်းသစ်တဲ့အ၀တ်စတွေကို ၀ယ်ယူလာခဲ့ပါတယ်။ ၁၈၅၃ခုနှစ်မှာပေါ့။
သူဝယ်ယူလာတဲ့ အ၀တ်စဆန်းတွေကို အမေရိကန်ရဲ့ အကောင်းဆုံးစက်ချုပ်သမားက ထပ်မံဆန်းသစ်တီထွင်လိုက်တဲ့အခါမှာ ဂန္တ၀င်မြောက် Blue Jeans ဆိုတဲ့ Jeans ၀တ်စုံတွေ ဖြစ်လာပါတော့တယ်။