နွေရာသီရဲ့ပူပြင်းတဲ့နေရက်တွေဟာ တကယ်တော့ငြီးငွေ့စရာကောင်းလှပါတယ်။ ဒါပေမယ့် ကျေနပ်ဖို့ ကောင်းတဲ့အချက်ကတော့ နွေရာသီမှာ အားလပ်ရက်တွေများတာပါပဲ။ ဒီလိုအားလပ်ရက်တွေမှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်နေပြီလား။ ဘာပစ္စည်းတွေလိုအပ်သလဲဆိုတာတော့ သိသင့်ပါတယ်နော်။

အခင်း

Source: AliExpress.com

ဘယ်နေရာမျိုးကိုပဲ ပျော်ပွဲစားထွက်ထွက် အဖွဲ့အားလုံးအနားယူနိုင်ဖို့အတွက် ဖျာကဲ့သို့အခင်းကြီးကြီးတစ်ခု မဖြစ်မနေလိုအပ်ပါတယ်။

စားစရာ

Source: Poundland

အပန်းဖြေကြပြီး ဆာလောင်လာတဲ့အခါ အသင့်စားနိုင်တဲ့ စားသောက်ဖွယ်ရာတွေကို ချက်ပြုတ်ပြင်ဆင်လာဖို့ လိုအပ်ပါတယ်။ မျိုးစုံသော စားကောင်းသောက်ဖွယ်တွေက ပျော်ပွဲစားထွက်သူတွေကို ၀မ်းသာအားရဖြစ်သွားစေမှာပါ။

သောက်စရာ

Source: delidirect.com

ဒါကလည်း အရေးကြီးတဲ့ပစ္စည်းတစ်မျိုးပါပဲ။ အအေးမျိုးစုံ၊ ဘီယာ၊ ၀ိုင်စတဲ့ အဖျော်ယမကာတွေအပြည့်ထည့်ထားတဲ့ ရေခဲဘူးတစ်ဘူးကိုတာ့ မမေ့သင့်ပါဘူး။

ဂီတာတွေ

Source: Shutterstock

သူငယ်ချင်း၊ အပေါင်းအသင်းများနဲ့  ပျော်ပျော်ပါးပါးခရီးထွက်တဲ့အခါ ဂီတာတွေကိုလည်း မမေ့ခဲ့နဲ့နော်။ ပျော်ပွဲစားမှာစုပေါင်းပြီး သီချင်းတွေ တီးခတ်သီဆိုကြရတာဟာလည်း လွတ်လပ်ပေါ့ပါးတဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်ပါတယ်။