ခင်မင်ရတဲ့ အပေါင်းအသင်း၊ မိတ်ဆွေများနဲ့ အားလပ်ရက်တွေမှာ Home Party လေးတစ်ခု ကျင်းပ ဆင်နွှဲကြမယ်။ သာမန်မဟုတ်တဲ့ Home Party လေးလဲ ဖြစ်ချင်မိတယ်။ ဘယ်လိုပါတီမျိုးကို ကျင်းပရင် ကောင်းမလဲ ။ ရိုးရှင်းပေမယ့် ဆန်းသစ်လှတဲ့ DIY Party လေးတစ်ခုကို စီစဉ်ကျင်းပကြည့်လိုက်ပါ။ အမှန်တကယ်စိတ်ပျော်ရွှင်မှုကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

Stylish Cocktail Stirrers

Source: Shutterstock

အရသာမျိုးစုံနဲ့ အမိုက်စားခံစားမှုတွေကို Cocktail ကပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ လန်းဆန်း တက်ကြွ ခြင်းတွေနဲ့ ပျော်ရွှင်မှုတွေကို Cocktail ဆီမှ အရယူလိုက်ပါ။

Single Serving Strawberry Shortcakes

Source: Shutterstock

စတော်ဘယ်ရီသီးနဲ့ ကိတ်မုန့်ကို ရိုးရှင်းစွာ ပြင်ဆင်ထားရှိခြင်း ဖြစ်ပါတယ်။ ရှေးခေတ်လယ်သမားတွေ ရဲ့ စားသောက်မှု တစ်မျိုးလည်း ဖြစ်ပါတယ်။

Flower Stand

Source: Shutterstock

အရောင်အသွေးစုံတဲ့ ပန်းလေးတွေကို စွဲမက်ဖွယ်ဖြစ်အောင် စင်လေးနဲ့ ပြင်ဆင်ထားရှိ လိုက်ပါ။ ဒီ ဇိုင်းဆန်းဆန်းနဲ့ စင်လေးတွေက ရောင်စုံပန်းတွေရဲ့ အလှကို ပိုမိုပံ့ပိုးပေးနိုင်ပါတယ်။ ပွဲတက်လာသူတွေရဲ့ စိတ်ကို အေးချမ်းပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။

Double Duty Dessert

Source: Shutterstock

နို့နဲ့ကွတ်ကီးကို အသွင်ဆန်းသစ်စွာနဲ့ တွဲဖက်ပေးထားတဲ့ စတိုင်တစ်ခု ဖြစ်ပါတယ်။ ဖန်ခွက်ရှည်တွေထဲ မှာ နို့ကိုထည့်ထားပြီး ကွတ်ကီးတွေကို အဖုံးသဏ္ဍန်နဲ့ ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။

Colorful Coasters

Source: Shutterstock

အရောင်အဆင်းစုံတဲ့ သောက်သုံးစရာတွေကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Beer , Wine , Juice စတဲ့ သောက်စရာမျိုးစုံကို ရောင်စုံစက္ကူတွေခံထားတဲ့ အောက်ခံပန်းကန်ပြားလေးများနဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။