ယနေ့တိုးတက် ခေတ်မှီနေသော အချိန်အခါကြီးမှာ ခေတ်နဲ့ တပြေးညီ ပျော်ရွှင်နိုင်မည့် ကဏ္ဍတွေ ကများစွာ ရှိနေပါတယ်။ ဒီလိုများပြားလှတဲ့ ပျော်ပွဲရွှင်ပွဲတွေများထဲမှ သီးသန့်ကမ္ဘာလေးတစ်ခုကို ဖန်တီးပြီး အချစ်ဆုံးသူငယ်ချင်းများနဲ့ အတူတကွ ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးတစ်ခု ရှိပါတယ်။ ဒါကတော့ အိမ်တွင်းပါ တီပွဲ ကျင်းပခြင်းပဲဖြစ်ပါတယ်။

Source: Shutterstock

ပျော်ရွှင်ဖွယ် Home Party လေးတစ်ခု ဖန်တီးဖို့အတွက် အဓိကကျတဲ့ အခြေခံလိုအပ်ချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ပါတီပွဲဆင်နွဲမယ့် လူများအကြိုက်တွေ့စေမယ့် အဖျော်ယမကာတွေ စီစဉ်ပေးဖို့ပဲ ဖြစ် ပါတယ်။

Source: Shutterstock

နာနတ်သီး၊ ဖရဲသီးစတဲ့ အသီးတွေနဲ့ အရသာရှိရှိ ဖျော်စပ်ပေးထားတဲ့ သောက်သုံးဖွယ် အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ခန္ဒာကိုယ်ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပြီး ပျော်ရွှင်အချိန်တွေကို လည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

Source: Shutterstock

အရွယ်ရောက်ပြီးသားလူငယ်များ စုပေါင်းပျော်ရွှင်ကြတဲ့ Home Party ဖြစ်ပေမယ့် ရောင်စုံကာလာ လေးတွေနဲ့ ရေခဲမုန့်တွေဟာ ပါတီတက်သူတိုင်းရဲ့ စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိမှာ အမှန်ပါပဲ။ တောက်ပတဲ့ အရောင်တွေနဲ့ ချိုအေးတဲ့ အရသာဟာ တက်ကြွပျော်ရွှင်မှုတွေကို လုံးဝပေးစွမ်းနိုင်ပါလိမ့်မယ်။

Source: Shutterstock

အမိုက်စား Home Party တစ်ခုကျင်းပနိုင်ဖို့ အတွက် အဓိက လိုအပ်ချက် အဖျော်ယမကာတစ်မျိုးက တော့ Wine ပဲဖြစ်ပါတယ်။ ယောက်ျား၊ မိန်းမ မရွေး သဘောကျနှစ်သက်တတ်ပြီး အဆင့်အတန်းမြင့်တဲ့ Home Party တစ်ခု အဖြစ်လည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Source: Shutterstock

အမျိုးသားများ အထူးနှစ်သက် သုံးဆောင်တတ်ကြတဲ့ အဖျော်ယမကာ တစ်မျိုးပဲဖြစ်ပါတယ်။ ပါတီမှာ ခပ်မိုက်မိုက်နဲ့ စတိုင်နဲ့ ခန့်ညားချင်သူ အမျိုးသားများကတော့ Beer ကို ရွေးချယ်ကြပါလိမ့်မယ်။