Gym သွားဖို့ အချိန်မရှိဘူးလား။ ဒါဆိုရင် အိမ်မှာပဲ ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ် လိုချင်တဲ့ကိုကိုတို့အတွက် အိမ်မှာပဲလေ့ကျင့်လို့ရတဲ့ အိမ်တွင်းလေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အိမ်မှာပဲ ကိုယ်လေ့ကျင့်ချင်တဲ့အချိန် ဒါမှမဟုတ် မနက်ပိုင်းအချိန် ဒါမှမဟုတ် ရေချိုးခါနီးအချိန်တွေမှာ လုပ်သွားလို့ ရပါတယ်။

Push-ups

Source: i.ytimg.com

Push-ups ဆိုတဲ့ ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းကို အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ရင်ဘတ် ၊ လက်မောင်း ၊ ပခုံးသားနဲ့ ကြွက်သားတွေကို အဓိက အားပြုကစားတဲ့ လေ့ကျင့်ခန်းပါ။ ဒိုက်ထိုးစဉ်မှာ ဦးခေါင်းနဲ့ ခြေဖနောင့်ဟာ တဖြောင့်တည်းဖြစ်နေရမှာပါ။ ရင်ဘတ်ကြွက်သားတွေကို ကျစ်လျစ်သန်မာစေပြီး တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Squat

Source: assets.menshealth.co.

Squat လေ့ကျင့်ခန်းပုံစံက ထိုင်ထနဲ့ အသွင်တူပါတယ်။ ကိုယ်ခန္ဓာကို တဖြောင့်တည်း တည့်တည့်မတ်မတ်ရပ်ပြီး ဒူးအောက်ထိ ကွေးထိုင်လိုက်ရမှာပါ။ တင်ကို နောက်ကို ပစ်ထားရပါမယ်။ ခြေထောက်ထိပ်နှစ်ခုစလုံးကို တည့်တည့်ထားရပါမယ်။ အောက်ပိုင်းထိုင်တဲ့အတွက် ခြေထောက်ကို အထူးပြုတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အဓိကဦးစားပေးကတော့ ခြေထောက်ကြွက်သားတွေနဲ့ တင်သားကိုပါ။

Plank

Source: cdn-mf0.heartyhosting.com

Plank ဆော့တဲ့အခါ ခန္ဓာကိုယ်ကို ပျဉ်ချပ်သဖွယ် တဖြောင့်တည်း တန်းထားပြီး မလှုပ်မယှက် ရပ်ထားရပါမယ်။ Plank လုပ်ခြင်းရဲ့ အဓိက ဦးစားပေးနေရာကတော့ ဝမ်းဗိုက်ဖြစ်ပါတယ်။ Plank လုပ်ပေးခြင်းအားဖြင့် ဝမ်းဗိုက်ကြွက်သားတွေ ကျစ်လစ်တောင့်တင်းလာမှာဖြစ်ပြီး ပခုံးကြွက်သားတွေအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Body Row Or Chin-up/Pull-up

Source: www.wikihow.com/

ဒီလေ့ကျင့်ခန်းက ဘားခိုတဲ့ကစားနည်းနဲ့ ဆင်ပါတယ်။ ငယ်ငယ်က အပျော်ဆော့ခဲ့တာဖြစ်ပေမယ့် အခုကတော့ ခန္ဓာကိုယ် တောင့်တင်းခိုင်မာဖို့အတွက် ဆော့ရမှာပါ။ သူကလည်း ကြွက်သားတွေ ၊ လက်မောင်းတွေ ၊ ဝမ်းဗိုက်တွေအတွက် အထူး ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။