အိမ်တစ်အိမ်မှာ ခြံစည်းရိုးက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ခြံစည်းရိုးကလုံခြုံပြီး လှပနေမယ်ဆိုရင် မြင်သူတိုင်းလည်း စိတ်ဝင်စားချီးမွမ်းကြမှာပါ။

ခြံစည်းရိုးဟာ ဘယ်လောက်အရေးပါသလဲ

Source: Operation: Brain Leak

ခြံစည်းရိုးဆိုတာ အိမ်ရဲ့လုံခြုံရေးအတွက် အရေးကြီးဆုံးအကာအရံတစ်ခုဖြစ်ပါတယ်။ ပြင်ပနယ်နိမိတ်နဲ့ ကိုယ့်အိမ်ကိုစည်းခြားထားတဲ့အရာလည်းဖြစ်ပါတယ်။ တခါတရံမှာ ခြံစည်းရိုးကိုသေချာဂရုမစိုက်မိဘဲ ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။

အဖြူရောင်သစ်သားတွေ

Source: Pinterest

သင့်ခြံစည်းရိုးလေးကို အဖြူရောင်သစ်သားတွေနဲ့ ကာရံလိုက်ပါ။ အမြင်မှာဆန်းသစ်ပြီး မိသားစုကို စိတ်ချမ်းသာလုံခြုံမှုလည်း အပြည့်ပေးနိုင်ပါလိမ့်မယ်။

ဆေးရောင်စုံတွေ

Source: Life After Money – Blogspot

ခြံစည်းရိုးကို ကာလာရောင်စုံတွေခြယ်မှုန်းပြီး ဒီဇိုင်းထွင်ကြည့်လိုက်ပါ။ လူအများက တအံ့တသြ ကြည့်ရှုကြမှာဖြစ်ပြီး မိသားစုအတွက်လည်း ရဲရင့်တဲ့စိတ်ဓာတ်ခိုင်မာမှုတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ရာဇမတ်ကွက်တွေ

Source: Minehead Saw Mills

ခြံစည်းရိုးကို လှပတဲ့ရာဇမတ်ကွက်တွေဖော်ပြီးလည်း ဒီဇိုင်းထွင်ကာနိုင်ပါတယ်။ တကယ့်ကိုသပ်ရပ်လှပတဲ့ ခြံစည်းရိုးတစ်ခုကို ပိုင်ဆိုင်ပြီး မိသားစုစိတ်ချမ်းမြေ့ပျော်ရွှင်နိုင်မှာပါ။